ဂျေရုဆလင်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို ရေအမြောက်ဖြင့် လူစုခွဲ

အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့မှာ ဇူလိုင်လ ၂၄ ရက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို  အစ္စရေး ရဲတပ်ဖွဲ့က ရေအမြောက်နဲ့ လူစုခွဲခဲ့ပါတယ်။  ဝန်ကြီးချုပ် နေတန်ညာဟု နေအိမ်အနီး ဆန္ဒပြပွဲမှာ   ရဲတွေက ဆန္ဒပြသူတွေကို တွန်း ထုတ်တာကြောင့် အချင်းများခဲ့ပြီး  ဆန္ဒပြသူ အများအပြား အဖမ်းခံရပါတယ်။  ဆန္ဒပြသူတွေက ဆိုင်းဘုတ်တွေထောင်ပြီး  သက်တမ်း ၅ ခုကြာတာဝန်ထမ်းတဲ့ ဝန်ကြီးချုပ် နေတန်ညာဟုကို  ရာထူးက ဆင်းပေးဖို့ တောင်းဆိုကြပါတယ်။   သူတို့ဟာ နေတန်ညာဟုရဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကိုင်တွယ်ပုံ၊  အကျင့်ပျက် ခြစားမှုတွေနဲ့ ပတ်သက်လို့  ဒေါသဖြစ်နေကြတာပါ။    အဲဒီဆန္ဒပြပွဲအနီးမှာပဲ  ဝန်ကြီးချုပ် နေတန်ညာဟုကို ထောက်ခံတဲ့ တန်ပြန်ဆန္ဒပြပွဲကို  အကအခုန်တွေနဲ့ ပြုလုပ်ခဲ့တယ်လို့လည်း  ရိုက်တာမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up