A d v e r t i s e m e n t With Us

စပိန်နိုင်ငံ၌  အဲဘတ်စ်လေယာဉ်ကုမ္ပဏီကို အလုပ်သမားများ ဆန္ဒပြ

စပိန်နိုင်ငံ မက်ဒရစ်မြို့အနီး  အဲဘတ်စ်လေယာဉ်ထုတ်လုပ်ရေး စက်ရုံအပြင်ဘက်မှာ ဇူလိုင်လ ၂၃ ရက်က    လုပ်သားထောင်ချီပြီး အလုပ်အကိုင်လျှော့ချတာကို ဆန့်ကျင် ဆန္ဒပြခဲ့ပါ တယ်။   အဲဘတ်စ်မှာ ၄၁ နှစ်ကြာလုပ်နေတဲ့ဆန္ဒပြသူတစ်ဦးကလည်း“အဲဘတ်စ်ဟာ ကိုဗစ်-၁၉ ကို အခွင့်ကောင်းယူပြီး  လုပ်သားဝန်ထမ်း ၉၀၀ ကို ဖြုတ်ပစ်ချင်နေတယ်” လို့ ပြောပါတယ်။  ဆက်ပြီးသူက “ကိုဗစ်အကျပ်အတည်းဟာ အခိုက်အတန့်ဖြစ်ပြီး ပြီးဆုံးသွားမှာ ဖြစ်တဲ့ အရာကို ဘာကြောင့်များ စပိန်က အဲဘတ်စ်လုပ်သား  ၁၇၀၀ ကို ဖြုတ်ပစ်ချင်တာလဲ  နား မလည်ဘူး”လို့ ရိုက်တာကို ပြောပါတယ်။   ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  လေကြောင်းခရီးစဉ်တွေ ရုတ်ချည်း ရပ်တန့်ခဲ့ပြီး  အဲဘတ်စ်က ထုတ်တဲ့လေယာဉ်တွေ ဝယ်လိုအား ကျဆင်းပြီး နောက် ဇွန်လတုန်းက ကုမ္ပဏီဟာ ကမ္ဘာတဝန်းရှိ လုပ်သား ၁၅,၀၀၀ ကို အလုပ်က နားပစ်မယ်လို့ကြေညာခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up