A d v e r t i s e m e n t With Us

ကမ္ဘာတဝန်း ကိုဗစ်-၁၉ လူနာပေါင်း ၁၅ သန်းကျော်ရှိလာ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက်ဟာ  ဇူလိုင် ၂၃ ရက်မှာပဲ ၁၅ သန်းကျော် ရှိလာပြီး သေဆုံးသူ  ၆၂၀၀၀၀  နီးပါးရှိလာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲက ပြောပါတယ်။ တကမ္ဘာလုံး ကိုဗစ်-၁၉ဖြစ်ပွားမှုရဲ့ တဝက်နီးပါးလောက်ဟာ ထိပ်ဆုံးက သုံးနိုင်ငံ ဖြစ်နေတဲ့ အမေရိကန်၊ဘရာဇီး၊အိန္ဒိယတို့ ဖြစ်ပါတယ်။ WHO အကြီးအကဲက ကပ်ဘေးဟာ လူတွေရဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲခဲ့ပြီး ကမ္ဘာ ကြီးဟာ ကပ်ဘေးကို ပုံမှန်အတိုင်း ရင်ဆိုင်နေရတဲ့အဆင့်သစ်ကို ဝင်ရောက်လာတယ်လို့ ဆိုပါ တယ်။  ဒါ့အပြင်ရောဂါပိုး ပျံ့နှံ့နေသမျှ  လူတိုင်းမှာ အန္တရာယ်ရှိနေတယ်လို့လည်း ပြောပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up