ဟောင်ကောင်သားများ ဗြိတိန်နိုင်ငံသားခံယူနိုင်တော့မည်

1.6K
ဗြိတိန်အမျိုးသားနိုင်ငံရပ်ခြားဗီဇာ(BNO) ရှိတဲ့ ဟောင်ကောင်ဒေသခံတွေဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကစလို့ ဗြိတိန်နိုင်ငံသား လျှောက်ထားနိုင်တယ်လို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီးက ဇူလိုင် ၂၂ ရက်မှာ ကြေညာလိုက်ပါတယ်။
ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်မှာ တရုတ်အစိုးရက အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးနောက်မှာ ဗြိတိန်အစိုးရက အခုလို ဆုံးဖြတ်လိုက်တာပါ။ အဲဒီဥပဒေဟာ ၁၉၈၄ ခုနှစ်မှာ သဘောတူခဲ့တဲ့လွှဲပြောင်းရေး စာချုပ်စည်းကမ်းချက်တွေကို ချိုး ဖောက်တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။
တရုတ်အစိုးရကတော့ ဗြိတိန်ဟာ ဟောင်ကောင်နဲ့တရုတ်အရေးကိစ္စတွေကို ဝင်စွက်ဖက် တယ်လို့ စွပ်စွဲပါတယ်။
BNO visa ကိုင်ဆောင်ထားတဲ့ ဟောင်ကောင်ဒေသခံတစ်ယောက်ကလည်း ဗြိတိန်အစိုးရရဲ့ နိုင်ငံသားလျှောက်ထားခွင့်ပြုတဲ့ ကမ်းလှမ်းချက်ကို အံ့သြမိပြီး ဗြိတိန်နိုင်ငံဆီ ပြောင်းရွှေ့ဖို့ စီစဉ် နေတယ်လို့ ပြောပါတယ်။
ဗြိတိန်အစိုးရဟာ တရုတ်အစိုးရ ကန့်ကွက်နေတဲ့ကြားက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဆုံးဖြတ်ချက်ကို ပြန်မပြင်ရင် တရုတ်နိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ တရုတ်သံရုံးက သတင်း ထုတ်ပြန်ပါတယ်။