A d v e r t i s e m e n t With Us

စပါးအခြေခံရည်ညွှန်းဈေး တင်း ၁၀၀ ကို ကျပ် ၅၂၀,၀၀၀ သတ်မှတ်

အခုနှစ်မိုးစပါးနဲ့ ၂၀၂၁ ခုနှစ် နွေစပါးအတွက် အခြေခံရည်ညွှန်းဈေးကို တင်း ၁၀၀ ကို ကျပ် ၅၂၀,၀၀၀ ဈေးသတ်မှတ်လိုက်တဲ့အကြောင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ဇူလိုင်  ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ၊ ကင်းစင်တဲ့ အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တစ်တင်း (၄၆ပေါင်) ကိုက် စပါးတင်း ၁၀၀ ကို အခြေခံရည်ညွှန်းဈေး ကျပ်  ၅၂၀,၀၀၀ သတ်မှတ်ခဲ့တာပါ။ ဈေးကွက်ပေါက်ဈေးက အခြေခံဈေးအထက်မှာ ဖြစ်ပေါ်နေတဲ့ စပါးအမျိုးအစားတွေအတွက် ဈေးကွက်ပေါက်ဈေး အတိုင်းဝယ်ယူရမှာဖြစ်ပြီးတော့၊ ဈေးကွက်ပေါက်ဈေးက အခြေခံဈေးအောက်မှာ ဖြစ်ပေါ်နေတဲ့ စပါးအမျိုးအစားတွေကိုတော့ အခြေခံ ဈေးနှုန်းအတိုင်း ဝယ်ယူပေးရမှာဖြစ်ပါတယ်။ တောင်သူတွေအတွက် သင့်တင့်မျှတတဲ့ ဈေးကွက်နဲ့ ဈေးနှုန်း ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ပြီး အစိုးရက စပါး အခြေခံရည်ညွှန်းဈေးကို နှစ်စဉ်သတ်မှတ် ထုတ်ပြန်ပေးနေတာဖြစ်ပါတယ်။ ပြီးခဲတဲ့ ၂၀၁၉ မိုးစပါးနဲ့ ၂၀၂၀ နွေစပါးရာသီအတွက် အခြေခံရည်ညွှန်းဈေးနှုန်းကတော့  စပါးတင်း ၁၀၀  ကျပ် ငါးသိန်း သတ်မှတ်ပေးခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up