ဘီဟာနှင့်အာသံပြည်နယ်တွင်  ရေကြီးပြီး လူ ၁ သန်း ယာယီစခန်းသို့ ရောက်ရှိ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်နဲ့အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွေမှာ မုတ်သုန်မိုး ပြင်းထန်စွာ ရွာသွန်းမှုကြောင့်  ရေကြီးပြီး လူ ၁ သန်းကျော် ယာယီစခန်းတွေမှာ နေထိုင်နေရပါတယ်။  ဒါဟာ ကိုဗစ်-၁၉ ကပ်ဘေးကြုံနေပေမဲ့ လူတွေစုဝေးနေထိုင်နေရခြင်းပါ။ ဇူလိုင်လ ၂၂ရက်မှာတော့ ဝေးလံခေါင်ဖျားဒေသက ကျေးရွာတွေဆီမှာ ပိတ်မိနေတဲ့သူ တွေဆီကို ကယ်ဆယ်ရေးသမားတွေက လှေတွေနဲ့သွားရောက် ကယ်ဆယ်နေရပြီး အိမ်တော်တော် များများ လည်း ရေအောက်နစ်မြုပ်နေပါတယ်။  ရေကြီးမှုတွေကြောင့် အာသံပြည်နယ်မှာ လူ ၈၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် လူ ပေါင်း ၂ ဒဿမ ၇၅ သန်းကိုလည်း မေလကစလို့ နေရာရွှေ့ပြောင်း  ပေးနေရတာပါ ။  ရေကြီးမှုကြောင့် ကမ္ဘာ့အကြီးဆုံး ကြံ့ဥယျာဉ်ဖြစ်တဲ့ ကာဇီရန်ဂါ အမျိုးသားဥယျာဉ်မှာ လည်း ဇူလိုင်လ ၁၄ ရက်က ကြံ့ပေါက်လေး တကောင်ကို ကယ်တင်ပြီး ဥယျာဉ်မှာရှိတဲ့ ပြန်လည်ထူထောင်ရေးစခန်းမှာ ကုသပေးနေရတယ်လို့ သိရပါတယ်။  မုတ်သုံမိုးဟာ အိန္ဒိယစိုက်ပျိုးရေးရဲ့အသက်သွေးကြောဖြစ်ပေမယ့်ဒီနှစ်တော့ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ကပ်ဘေးကို ရင်ဆိုင်နေရတဲ့ အိန္ဒိယဟာ ရေဘေးကိုပါ ထပ်ဆင့်ရင်ဆိုင်နေရ ပါတယ်။  ဇူလိုင်  ၂၃ရက် မွန်းလွဲ ၂နာရီထိ အတည်ပြုချက်အရ ကိုဗစ်-၁၉ ကူးစက်ခံ လူနာ ၁ ဒသမ ၂၄သန်းကျော်ရှိနေပြီး  သေဆုံးသူ ၃၀၀၀၀ လောက် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up