A d v e r t i s e m e n t With Us

MNA လေကြောင်းလိုင်း ဩဂုတ် ၃၁ ရက်အထိ ရပ်ဆိုင်းထားမည်

ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့အတွက်  မြန်မာအမျိုးသားလေကြောင်း(MNA)ရဲ့  ပြည်ပ လေယာဉ်ခရီးစဉ်တွေဖြစ်တဲ့ စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်နဲ့  ဟောင်ကောင်ခရီးစဉ်တွေကို ဇူလိုင် ၃၁ ရက်အထိရပ်ဆိုင်းထားရာမှ  ဩဂုတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းသွားမယ်လို့ MNA လေကြောင်းလိုင်းက  အသိပေး ကြေညာထားပါတယ်။ အဆိုပါကာလအတွင်း ဝယ်ယူထားတဲ့လေယာဉ်လက်မှတ်တွေကို  လက်မှတ်ခငွေပြန်အမ်းတာ( Full Refund)  နဲ့ လေယာဉ်စီးနင်းမယ့် နေ့ရက်ပြောင်းပေးတာ   (Free Date Change)  ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။  အေးဂျင့်ထံကနေ လေယာဉ်လက်မှတ်ဝယ်ယူထားတဲ့ခရီးသည်တွေအနေနဲ့ အဆိုပါ အေးဂျင့်ထံကတဆင့် refund ပြန်လည်ထုတ်ယူနိုင်ပြီး website ကနေ ဝယ်ယူထားပါက [email protected] သို့ email ပေးပို့ပြီး refund ပြန်လည်ရယူနိုင်တယ်လို့ သိရပါတယ်။ ခရီးစဉ်တွေကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်နေ့မှာ  ပြန်လည်ပျံသန်းပြေးဆွဲမှာဖြစ်ပြီး ပြောင်းလဲမှုရှိပါကလည်း အချိန်နဲ့ တပြေးညီ ကြေညာပေးမယ်လို့လည်း MNA လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။  

A d v e r t i s e m e n t With Us

More News
Up