အပိုဆောင်းဘတ်ဂျက် ဒေါ်လာ ၇ ဘီလီယံသတ်မှတ်ပေးရန် ထိုင်ဝမ်အစိုးရ အဆိုပြု

1K
ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ထိုင်ဝမ်မှာ ငါးနှစ်အတွင်း စီးပွားရေးကျဆင်းဖို့ မျှော်လင့်ထားတာကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် ဒုတိယမြောက် အပိုဆောင်း ဘတ်ဂျတ် ဒေါ်လာ ခုနှစ်ဘီလီယံ သတ်မှတ်ဖို့ အစိုးရက အဆိုပြုထားပါတယ်။
ထိုင်ဝမ်ဟာ ကုန်သွယ်ရေးကို အဓိကအားထားနေရတဲ့နိုင်ငံဖြစ်ပြီး သူ့ရဲ့ အကြီးဆုံးကုန်သွယ်ဖက်ဟာ တရုတ်နိုင်ငံပါ။
ကပ်ဘေးကြောင့် ပြည်တွင်းစားသုံးမှုနဲ့ ခရီးသွားလုပ်ငန်း ထိခိုက်တာတွေကြောင့် ၂၀၂၀ ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ မေလထိ ၁ ဒသမ ၆ ရာ ခိုင်နှုန်းပဲ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ထိုင်ဝမ်အစိုးရရဲ့အခု အပိုဆောင်း ဘတ်ဂျတ်အသစ်ဟာ လွှတ်တော်ရဲ့အတည်ပြုချက် ရဖို့လိုအပ်ပါတယ်။
စီးပွားရေးနှိုးဆွမှုအတွက် ဒီဒေါ်လာ ၇၀ ဘီလီယံကျော်ဖိုး ဘတ်ဂျက်အသစ်ကို ငါးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊လေကြောင်းကဏ္ဍတို့မှာ စီးပွားရေးတိုးတက်ဖို့ အသုံးပြုမယ်လို့ ရိုက်တာသတင်း ဌာနက ဖော်ပြပါတယ်။