A d v e r t i s e m e n t With Us

မက္ကဆီကိုသမ္မတ၏ ဇိမ်ခံဂျက်လေယာဉ် ရောင်းမထွက်

မက္ကဆီကိုသမ္မတလိုက်ပါစီးနင်းဖို့ထားတဲ့  ဇိမ်ခံဂျက်လေယာဉ်ကို အမေရိကန်မှာ  ရောင်းဖို့ ဝယ်သူရှာ ခိုင်းထားတာ တနှစ်ခွဲပြည့်ခဲ့ပေမဲ့ ရောင်းမထွက်သေးပါဘူး။ မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါရဲ့အစီအစဉ်နဲ့ ဒီလေယာဉ်ကို အမေရိကန် ပြည်ထောင်စုကိုပို့ထားတာ ဝယ်သူရှာမတွေ့ဘဲ အခုတော့ မက္ကဆီကို ကို ပြန်ရောက်လာတော့မယ် လို့ သမ္မတက ဇူလိုင်လ ၂၂ ရက်မှာ ပြောပါတယ်။ မက္ကဆီကိုအစိုးရဟာ အဲဒီ Boeing 787 Dreamliner ဂျက်လေယာဉ်ကို ရောင်းဖို့ ကြိုးစားနေတာကြာပါပြီ။  လက်ဝဲသမ္မတ အိုဘရာဒေါကလည်း လူဦးရေရဲ့ ထက်ဝက်လောက် ဆင်းရဲတွင်းထဲ ရောက်နေချိန်မှာ  အရင်အစိုးရတွေရဲ့ ခြစားမှုနဲ့အလွန်အကျွံပိုကဲမှုတွေကို လျှော့ချ ဖြတ်တောက် ချင်နေတာပါ။ သမ္မတတွေလိုက်ပါ စီးနင်းခွင့်ရတဲ့ ဇိမ်ခံဂျက်လေယာဉ်ကို ၂၀၁၂ မှာ သမ္မတဟောင်း အန်ဒရေပေနာနေတို လက်ထက်က ဝယ်ယူခဲ့ပြီး တန်ဖိုးဒေါ်လာ သန်း ၁၃၀ ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up