A d v e r t i s e m e n t With Us

စတာလင်ခေတ် သမိုင်းပညာရှင် ၁ ဦး လိင်ပိုင်းဆိုင်ရာအလွဲသုံးမှုဖြင့် ထောင် ၃ နှစ်ခွဲချမှတ်ခံရ

ရှားခေါင်းဆောင် စတာလင်ခေတ်က ရာဇဝတ်မှုတွေအကြောင်း မှတ်တမ်းတင်ရေးသားတဲ့ သမိုင်းပညာရှင် ယူရီဒမစ်ထရစ်ကို ရုရှားတရားရုံးက ဇူလိုင်လ ၂၂ ရက်မှာ ထောင်ဒဏ်သုံးနှစ်ခွဲ ချ မှတ်လိုက်ပါတယ်။  သူ့မွေးစား သမီးကို လိင်ပိုင်းအလွဲသုံးစားမှုနဲ့တရားစွဲ စီရင်ချက် ချခဲ့တာပါ။ စီရင်ချက်ချမှတ်ချိန်မှာ အများပြည်သူကို လေ့လာခွင့် မပေးဘဲ တရားရုံးရဲ့စီရင်ချက်နဲ့ ပတ်သက်လို့လည်း ချက်ချင်းရှင်းလင်းခြင်း မရှိပါဘူး။  သမိုင်းဆရာ ဒမစ်ထရစ်ရဲ့ရှေ့နေကတော့ သူ့ရဲ့ အမှုသည်ဟာ အချုပ်ကျခံရက် သက်တမ်းကို ခံစားရပြီးပြီမို့ နောက်နှစ်လောက်မှာ လွတ်မယ်လို့ ပြောပါတယ်။  အစိုးရရှေ့နေတွေက သူ့ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။  ဒမစ်ထရစ်ကတော့ သူ့အနေနဲ့ ဘာအမှားမှ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ သူ့ကို ထောက်ခံသူတွေကတော့ ဒီအမှုဟာ သူ့ သမိုင်းလက်ရာတွေနဲ့ ပတ်သက်လို့ အပြစ်ပေး ခံခဲ့ရတာလို့ ပြောခဲ့တဲ့အကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up