မြေမြှုပ်မိုင်းနဲ့ သေနတ်သံကြား သွားနေရသူတွေ ဘယ်လောက်ဝမ်းသာကြမလဲ- ဦးအုန်းမြင့်
အေးနိုင်
·
May 30, 2013
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အိုအဖွဲ့နဲ့ မြစ်ကြီးနားမြို့ ဆွေးနွေးပွဲသဘောတူညီချက်ထဲမှာ နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာထွက်ပြေးတဲ့ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စကို နှစ်ဘက်ညှိနှိုင်းဆောင်ရွက်ဖို့ နှစ်ဘက်နိုင်ငံရေးဆက်ဆွေးနွေးကြဖို့ အပါအ၀င် အချက် ၇ ချက် သဘောတူကြပါတယ်။
ဒီဆွေးနွေးပွဲရလဒ်ဟာ အောင်မြင်မှုတခုကို စိုက်ထူခဲ့တာပါလို့ အရင် ၇ ကြိမ်ဆွေးနွေးတုန်းကလည်း ဦးဆောင်ဆွေးနွေးခဲ့တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကပြောပါတယ်။