A d v e r t i s e m e n t With Us

စပိန်နှင့်ပူးပေါင်းတည်ဆောက်သည့် ဆော်ဒီစစ်သင်္ဘော ရေချ

စပိန်နိုင်ငံနဲ့ပူးတွဲတည်ဆောက်ထားတဲ့ စစ်သင်္ဘောအသစ် တစ်စီးကို ဆော်ဒီတော်ဝင်ရေ တပ်က ဇူလိုင် ၂၂ ရက်မှာ ရေချအခမ်းအနား လုပ်ခဲ့ပါတယ်။  အယ်လ်ဂျုဘေလ်လို့ နာမည်ပေးထားတဲ့ ဒီစစ်သင်္ဘောသစ်ဟာ စပိန်နိုင်ငံ ဆန်ဖာနန်ဒိုမြို့က နဗန်တီယာသင်္ဘောတည်ဆောက်ရေးလုပ်ငန်းက ရေချတဲ့  ပထမဆုံးသင်္ဘောလည်း ဖြစ်ပါတယ်။ ဆော်ဒီအစိုးရတာဝန်ရှိသူတွေနဲ့ ရေတပ်အရာရှိတွေက ရီယဒ်မြို့မှာ ရှိတဲ့ ရေတပ်ဌာနချုပ် ကနေ သင်္ဘောရေချတဲ့ အခမ်းအနားကို  ကြည့်ရှုခဲ့ပါတယ်။ အယ်လ်ဂျုဘေးစစ်သင်္ဘောဟာ လေကြောင်း၊ မြေပြင်က ရေပြင်ပစ်နဲ့ မြေအောက်ရေ အောက်တို့က ပစ်ခတ်လာမယ့် ဒုံးကျည်တွေရဲ့ခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်တဲ့ နောက်ဆုံးပေါ် တိုက်ခိုက်ရေးစနစ်တွေပါရှိပြီး အီလက်ထရွန်းနစ်စနစ်သုံး စစ်သင်္ဘောလည်းဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။  စပိန်နဲ့ဆော်ဒီအာရေဗျတို့ဟာ ၂၀၁၈ ခုနှစ်မှာ စစ်သင်္ဘောတွေ ရောင်းချ ပေးဖို့ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ စာချုပ်တရပ်ကို လက်မှတ်ရေး ထိုးထားတာပါ။ 

A d v e r t i s e m e n t With Us

More News
Up