A d v e r t i s e m e n t With Us

အခြားနိုင်ငံများ၏ ရွေးကောက်ပွဲကို မစွက်ဖက်ဟု ရုရှားပြော

ရုရှားအစိုးရဟာ သူများနိုင်ငံက ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဘယ်တော့မှ မစွက် ဖက်ဘူးလို့ ဇူလိုင်လ ၂၁ ရက်မှာ ပြောပါတယ်။ ဗြိတိန်လွှတ်တော် ထောက်လှမ်းရေးနဲ့လုံခြုံရေးကော်မတီက သတင်းပေါက်ကြားမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ထွက်အပြီးမှာ ရုရှားက ခုလို ငြင်းဆိုလိုက်တာပါ။  နိုင်ငံရေးနယ်ပယ်မှာ ရုရှားရဲ့သြဇာဆိုတဲ့စာကို ဂွယ်ဒိုဖှောကပ်စ် နိုင်ငံရေး ဝက်ဘ်ဆိုဒ်က ဖြန့်ချိခဲ့တာပါ။  ၂၀၁၄ စကော့တလန်လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုမှာ ရုရှားက လွှမ်းမိုးမှုရအောင် လုပ်ခဲ့တယ်လို့ ယုံကြည်စိတ်ချရတဲ့ ပွင့်လင်းတဲ့သတင်းရင်းမြစ်က စာထဲမှာ ရေးထားပါတယ်။ ရုရှားဟာ ငွေမည်းခဝါချမှု၊ ရွေးကောက်ပွဲ ရှုပ်ထွေးအောင် ဆိုင်ဘာဖောက်ထွင်းမှုနဲ့ သူလျှိုမှု တွေလို ရှေ့တန်းတွေကနေ ဗြိတိန်နဲ့အနောက်ဥရောပနိုင်ငံတွေကို သိသာတဲ့ ခြိမ်းခြောက်မှု ပြုနေ တယ်လို့ ထုတ်ပြန်စာက ဆိုပါတယ်။ ဗြိတိန်ဟာ ရုရှားအတွက် ထိပ်တန်းအနောက်နိုင်ငံ ထောက်လှမ်းရေးပစ်မှတ်တွေထဲက တခုလို့ ယူဆထားပုံရတယ်လို့လည်း အဲဒီစာမှာ ဆိုထားပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up