လီဗာပူးအသင်း နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားရယူ အောင်ပွဲခံ  

ဓာတ်ပုံ- LiverpoolFC
မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲလက်ကျန်ပွဲစဉ်မှာ လီဗာပူးအသင်းဟာ  ချဲလ်ဆီးကို ၅ ဂိုး ၃ ဂိုးနဲ့ အိမ်ကွင်းမှာအနိုင်ရပြီးနောက်  အခုနှစ်ဘောလုံးရာသီအတွက် ဆုဖလားကိုရယူ အောင်ပွဲခံခဲ့ပါတယ်။  လီဗာပူး အသင်းခေါင်းဆောင် ဂျောန်ဒန်ဟန်ဒါဆန်ဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အန်ဖီးကွင်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဆုဖလားကြီးကို ပြန်လည် မြှောက်ကိုင်နိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပရိသတ် ၅၃၀၀၀ လောက်ဆန့်တဲ့ လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးအားကစားကွင်းကြီးမှာ  ပရိတ်သတ်တွေနဲ့ဘောလုံးအသင်းသားတွေရဲ့ မိသားစုတွေ မပါဘဲ  အောင်ပွဲခံခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပွဲစဉ်တွေပြီးဖို့ ၇ ပွဲအလို  ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့  အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးက ချဲလ်ဆီးကို ရှုံးသွားတဲ့ပွဲစဉ်ကတည်းက  ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။ မနေ့ညက အိမ်ကွင်းနောက်ဆုံးပွဲစဉ်အထိစောင့်ဆိုင်းပြီးမှာ သရဖူဆုဖလားကို  လက်ဝယ်ရယူခဲ့တာလည်းဖြစ်ပါတယ်။    ခုလို ဆုဖလားရဖို့ အချိန်တွေအကြာကြီး စောင့်ခဲ့ကြရတယ်လို့ လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန်က ပြောပါတယ်။  လီဗာပူးနည်းပြ ကလော့ ကတော့ “ ကျနော်တို့အားလုံး အိမ်ကွင်းမှာ အောင်ပွဲခံသင့်ပါတယ်။ အောင်ပွဲခံတဲ့ပွဲလုပ်ဖို့ပြင်ထားပါ၊ ဗိုင်းရပ်စ်ရောဂါ မရှိတော့ဘူးဆိုရင် ကျနော်တို့အားလုံး အောင်ပွဲပါတီလုပ်မယ်” လို့ပြောပါတယ်။  မနေ့ညက ပွဲစဉ်အပြီးမှာ လီဗာပူးအသင်းဟာ ၃၇ ပွဲကစား ရမှတ် ၉၆ မှတ်နဲ့ အမှတ်ပေးဇယားမှာ ထိပ်ဆုံးကဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေရာက မန်စီးတီးကို ၁၈ မှတ် အထိဖြတ်ထားနိုင်ခဲ့တာပါတယ်။ နောက်ဆုံးလက်ကျန်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ နယူးကာဆယ် အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။  အခု ၂၀၁၉-၂၀ ဘောလုံးရာသီအတွက် ရရှိခဲ့တဲ့ ဆုဖလားဟာ လီဗာပူးအတွက် ၁၉ ကြိမ်မြောက်ရတဲ့ ပရီးမီးယားလိဂ်ဆုဖလားဖြစ်ပါတယ်။  ဓာတ်ပုံ- LiverpoolFC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up