မဲလ်ဘုန်းတွင် ကိုဗစ်-၁၉ ပြန်ကူးစက်လာသဖြင့်  အိမ်အပြင်ထွက်သူတိုင်း Mask တပ်ရမည်

ဩစတြေးလျနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မဲလ်ဘုန်းမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ ပြန်ဖြစ်လာလို့ နေအိမ်ကနေ အပြင်ထွက်တဲ့သူမှန်သမျှ  ပါးစပ်နှာခေါင်းစည်းအကာအကွယ် မက်စ်တွေ တပ်ရတော့မှာပါ။  ပြည်နယ်ချင်း နယ်ကျော်ဖြတ်သန်းမှုတွေကိုလည်း ပိတ်ထားမှာဖြစ်ပြီး အလုပ်သမားတွေ၊ ကျန်းမာရေးနဲ့ပညာရေးဝန်ထမ်းတွေကိုပဲ ဖြတ်သန်းခွင်ပြုမှာပါ။  ဒီလဆန်းပိုင်းကတည်းက ပြည်နယ်နယ်စပ်ကို ပိတ်လိုက်တာဟာ နှစ် ၁၀၀ အတွင်း ပထမဆုံး အကြိမ်ဖြစ်ပါတယ်။  မဲလ်ဘုန်းမှာ ပြီးခဲ့တဲ့သတင်းပတ်တွေက သက်ကြီးရွယ်အိုတွေ၊ လူအိုရုံတွေနဲ့ထောင် တချို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေဖြစ်လာတာပါ။  ဗစ်တိုးရီးယားမှာလည်း အတည်ပြုလူနာစာရင်း ၆,၃၀၀ ရှိပါတယ်။  ဩစတြေးလျဟာ  ဒီနှစ်ဆန်း ကပ်ဘေး စဖြစ်ချိန်ကစလို့ ဇူလိုင် ၂၂ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ခံ လူနာဦးရေ ၁၂,၅၀၀ နီးပါးရှိပြီး ကူးစက်ခံသေဆုံးသူကလည်း ၁၂၆ ဦး ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up