ဂရင်းဝုဒ်က ရက်ရှ်ဖို့ဒ်ထက် ပိုကောင်းသည့်တိုက်စစ်မှူးဟု ဒွိုက်ယော့ခ် ပြော

ဂရင်းဝုဒ်ဟာ ရက်ရှ်ဖို့ဒ်ထက် ပိုကောင်းတဲ့ ကစားသမားဖြစ်တယ်လို့ မန်ယူတိုက်စစ်မှူး ဟောင်း ဒွိုက်ယော့ခ်က သုံးသပ်လိုက်ပါတယ်။  အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ယူနိုက်တက်အတွက် စုစုပေါင်း ၄၅ ပွဲမှာ ၁၆ ဂိုး သွင်း ထားပြီး မနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ တစ်ဂိုးထပ်သွင်းခဲ့ပါတယ်။  ရက်ရှ်ဖို့ဒ်ဟာလည်း အခုနှစ်ရာသီမှာစုစုပေါင်း ပွဲ ၄၀ မှာ  ၂၂ ဂိုးသွင်းထားပြီး ကစားသမား ဘဝ တစ်လျှောက် အကောင်းဆုံးသွင်းဂိုး မှတ်တမ်းရရှိနေတာပါ။  ၁၉၉၈ ကနေ ၂၀၀၂ ခုနှစ်အထိ ယူနိုက်တက်မှာ ၁၄၇ ပွဲကစား ၆၅ ဂိုးသွင်းခဲ့တဲ့ ဒွိုက်ယော့ခ် ကတော့ ဂရင်းဝုဒ်က အသက် ၁၈ နှစ်ပဲရှိသေးပေမယ့် နောက်ခံလူတွေအတွက် အိပ်မက်ဆိုး ဖြစ်တယ်လို့ ချီးကျူးပါတယ်။  ဂရင်းဝုဒ်ရဲ့မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင် ရက်ရှ်ဖို့ဒ်ထက်ပိုကောင်းတယ်ဆိုတာ သိလာ လိမ့်မယ်လို့ ဒွိုက်ယော့ခ်က သုံးသပ်ပြောပါတယ်။ ဗန်ဟားလ်နဲ့မော်ရင်ညိုတို့လက်ထက်မှာ အခွင့်အရေးမရခဲ့တဲ့ ဂရင်းဝုဒ်ကို ပွဲထွက်ကစား ခွင့်ပေးခဲ့တဲ့ နည်းပြ ဆိုးလ်ရှားကိုလည်း ဒွိုက်ယော့ခ်က ချီးကျူးခဲ့ပါတယ်။ 

//
More News
Up