A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ အရေးပေါ်အခြေအနေ ၁ လ သက်တမ်းထပ်တိုးရန် ဆုံးဖြတ်  

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အစိုးရက ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကာလကို  နောက်ထပ် ၂၀၂၀ ဩဂုတ်လ ၁ ရက်မှ ၃၁ ရက်နေ့ထိ နောက်ထပ် ၁ လ တိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ထိုင်းနိုင်ငံကိုဗစ်-၁၉ ကူးစက်မှုအခြေအနေစီမံခန့်ခွဲရေးဗဟိုဌာန (CCSA) ရဲ့ ဒီနေ့မနက် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့ CCSA ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝီးဆင် ဝိစနုယိုးထင်းက ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  ထိုင်းမှာ အရေးပေါ်အခြေအနေ ကြေညာထားတာ ဇူလိုင် ၂၆ ရက်နေ့ဆိုရင် ၄ လ ပြည့်တော့မှာ ဖြစ်ပေမယ့် နိုင်ငံထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ နေ့စဉ်ရှိနေပြီး နိုင်ငံတကာမှာလည်း ကူးစက်မှုနှုန်းမြင့်မားနေဆဲ ဖြစ်ပါတယ်။ အစိုးရ စည်းကမ်းချက်တချို့ ဖြေလျှော့ပေးထားရာမှာ တချို့လူစုလူဝေး လူနေသိပ်သည်းတဲ့နေရာမှာ ရောဂါပိုး မကူးစက်မှုကို စိတ်ချရတဲ့အခြေအနေမှာ မရှိသေးတဲ့အတွက် သက်တမ်းထပ်တိုးဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။  အဆိုပါအဆိုပြုချက်ကို အစိုးရအဖွဲ့ဝန်ကြီးများအစည်းအဝေးက အတည်ပြုပြီးရင် တနိုင်ငံလုံးကို တရားဝင်ကြေညာမှာ ဖြစ်ပါတယ်။  အရေးပေါ်ကာလသက်တမ်း အခါခါထပ်တိုးခဲ့ပေမယ့် ထိန်းချုပ်ထားတဲ့ စာသင်ကျောင်း၊ သင်တန်းကျောင်းတွေ၊ ဈေးနဲ့ကုန်တိုက်တွေ၊ ဆံသဆိုင်၊ အလှပြင်ဆိုင်၊ အနှိပ်ခန်း၊ အားကစားရုံတွေ၊ အဝေးပြေးကားဂိတ်နဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေကိုတော့ ပြန်လည်ဖြေလျှော့ ဖွင့်လှစ်ခဲ့ပါတယ်။ ထိုင်းမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ စုစုပေါင်း ၃၂၆၁ ဦးရှိပြီး ပျောက်ကင်းသက်သာသူ ၃၁၀၅ ဦး၊ သေဆုံးသူ ၅၈ ဦးနဲ့ ဆေးရုံမှာ တက်ရောက်ကုသနေသူ ၉၈ ဦး ရှိပါတယ်။  ကိုးကား- Thairath

A d v e r t i s e m e n t With Us

More News
Up