ဘရာဇီးဓာတ်ခွဲခန်းတွင် တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးစမ်းသပ်

1K
ဘရာဇီးနိုင်ငံက ဓာတ်ခွဲခန်းတခုမှာ တရုတ်က ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြစ်နိုင်ခြေဆေးတမျိုးကို လူသားတွေနဲ့ စတင်စမ်းသပ်နေပြီလို့ ရိုက်တာသတင်းဌာနက ဇူလိုင် ၂၂ ရက်မှာ ဖော်ပြပါတယ်။
ဘူတန်သုတေသနဌာနနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ဒီစမ်းသပ်မှုတွေမှာ စေတနာ့ဝန်ထမ်း စမ်းသပ်ခံပေးမယ့်သူ ၉,၀၀၀ ပါဝင်ပါတယ်။
တရုတ်မှာ ကိုဗစ်-၁၉ လူနာအသစ်တွေ တွေ့ရနည်းလာတာကြောင့် ထုတ်ထားတဲ့ စမ်းသပ်ဆေးဝါးတွေကို ပြည်ပနိုင်ငံတွေမှာ စမ်းသပ်ဖို့ ရှာဖွေနေခဲ့တာပါ။
WHO အဆိုအရ ကမ္ဘာတဝန်း လူသားနဲ့ ဆေးစမ်းသပ်မှု ၂၃ ခုရှိနေပြီး အဲဒီထဲကမှ ဆေးသုံးမျိုးသာ လူအများအပြားနဲ့ စမ်းသပ်တဲ့အဆင့်လို့ ခေါ်တဲ့ အဆင့် ၃ ကို ရောက်နေတာလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဘရာဇီးဟာ အမေရိကန်ပြီးရင် အတည်ပြုလူနာဦးရေ အများဆုံးဖြစ်ပြီး ကူးစက်ခံ ၂ ဒသမ ၁ သန်းကျော်နေသလို ကူးစက်ခံ သေဆုံးသူလည်း ၈၀,၀၀၀ ကျော် ရှိနေပါပြီ။