Home
မြန်မာသတင်း
အင်းတော်က နှစ်လောင်းပြိုင်လူသတ်မှုကျူးလွန်သူ ရဲတပ်ဖွဲ့ထံ ဖြောင့်ချက်ပေး 
DVB
·
July 22, 2020
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်လို့ မသင်္ကာသူကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ သန်းထွန်း(ခ)အံထော်က သူသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ဖြောင့်ချက်ပေး ထွက်ဆိုခဲ့တယ်လို့ အင်းတော်မြို့နယ်ရဲတပ်ဖွဲ့ မှ ဒုရဲမှူးက ပြောပါတယ်။ တ်မဟုတ်ကျေးရွာအုပ်စုအနီး မောင်းအင်းကန်ဘေးမှာ ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီလောက်က မနီလာစိုး(၁၇ နှစ်)၊ မသွယ်သွယ်ဟိန်း (၁၄ နှစ်)တို့ နှစ်ဦး ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ထင်းကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကနေ လူသတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့   အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး စိန်ရက ပြောပါတယ်။ “တရားခံရဲ့လယ်တဲနဲ့ အသတ်ခံရတဲ့ မိန်းကလေးတွေရဲ့လယ်တဲက တဆက်တစပ်ထဲ ဖြစ်နေတယ်။ အရင်က တရားခံသန်းထွန်းဟာ အသတ်ခံရတဲ့ မနီလာစိုးတို့တဲအနီးမှာ မူးယစ်ဆေးဝါး လာရောက်ရောင်းဝယ်တယ်။ မရောင်းဖို့လည်း သူတို့ပြောတယ်။ အသတ်ခံရတဲ့ မိန်းကလေးနှစ်ဦး ထမ်းလာတဲ့ထင်းကို ဦးနှင်းအောင် အခင်း ရှေ့မှာတွေ့တဲ့အခါ ငါ့ထင်းတွေ ဘာလို့သယ် လာတာလဲ၊ ငါ ဦးနှင်းအောင် အခင်းမှာ စုထားတာလို့ပြောတဲ့အခါ အငယ်မလေးက ငါတို့ အခင်းက သယ်လာတဲ့ထင်း ဘယ်သူ့ထင်းဖြစ်ဖြစ် တောထဲကထင်း ဦးရာလူယူမှာပဲလို့ ပြောတဲ့အခါမှာ ငါ့ထင်းတွေ မင်းတို့ဘာလို့ယူရမှာလဲ၊ ငါ့ထင်း ငါ့ကိုပြန်ပေးလို့ သန်းထွန်းက ပြောတယ်။ အဲ့လိုပြောတယ် အငယ်မ မသွယ်သွယ်စိုးက ဘိန်းစား ဘိန်းဆီစား ဘိန်းစားသားတွေ ဘာလို့ပေးရမှာလဲ၊ ဒါငါတို့ထင်း ငါတို့သယ်မယ်လို့ပြောတဲ့အခါ သန်းထွန်းက ဘိန်းဆီစား သားလို့ပြောတဲ့ဟာကို ခံပြင်းသွားတယ်။ ဘိန်းဆီစားသားဆိုတာ ဘိန်းစားပြီးမွေးလာတဲ့ သားလို့ ပြောတဲ့ဟာကို ခံပြင်းပြီး အငယ်မလေးကို နားရင်းအုပ် လိုက်တယ်။ ပြီးမှ ဓားနဲ့ထိုးတယ်။ အကြီးမက သန်းထွန်းခါးကိုလာဆွဲတယ်။ အကြီးမကို နောက်ပြန်ဓားနဲ့ထိုးတယ်။ မိန်းကလေးနှစ်ယောက်လဲကျသွားချိန် အဆက်မပြတ် ဓားနဲ့ထိုးခဲ့တာ”လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ မိန်းကလေး ၂ ဦးဟာ နတ်မဟုတ်ကလေးရွာနေ   ဦးသိန်းသန်းစိုးနဲ့  ဒေါ်တင်ဖြူဦးတို့ရဲ့  သမီးနှစ်ယောက်ဖြစ်ပါတယ်။ ဇူလိုင် ၁၃ ရက် မနက် ၉ နာရီလောက်က နတ်မဟုတ်ကလေးရွာနေ ဒေါ်တင်ဖြူဦးက လယ်တောသို့ ကောက်စိုက်မသွားမီ သမီးနှစ် ဦးကို  နေ့လယ် ၁၂ နာရီအချိန်လောက်မှာ ရွာအနောက်ဘက်ရှိ သူ့ရဲ့အခင်းမှာ နွားလှန်ဖို့ မှာကြားခဲ့ပြီး ကောက်စိုက်ထွက်သွားတဲ့ အချိန်မှာ အခင်းဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။   ဓားနဲ့ထိုးခဲ့တဲ့ သန်းထွန်း အခင်းဖြစ်စဉ်က အသုံးပြုကျူးလွန်ခဲ့တဲ့ အင်္ကျီနဲ့ဓားတိုတို့ကိုလည်း  သိမ်းဆည်းရမိခဲ့ပြီး နယ်မြေရဲတပ်ဖွဲ့က တရားစွဲဆိုနိုင်ရေး ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဆိုပါနှစ်လောင်းပြိုင်လူသတ်မှုဖြစ်စဉ်ကို အင်းတော် မြို့မရဲစခန်းက (ပ)၅၆/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရအမှုဖွင့်ပြီး အရေးယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သတင်း- ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024