တရုတ်ကွန်မြူနစ်ပါတီဝင်များနှင့် မိသားစုများကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်ရန် စီစဉ်

1.2K
တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ အဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို အမေရိကန်ပြည်ဝင်ခွ့င်ပိတ်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချွေးထျန်းခိုင်က ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြောပါတယ်။
ဒါဟာ တရုတ်နိုင်ငံအတွင်းက တကယ့်အခြေအနေနဲ့ သမိုင်းကြောင်းကို တချို့လူတွေက လျစ်လျူရှုထားမှုကနေ အမြစ်တွယ်လာတာလို့လည်း သူက ပြောပါတယ်။
အမေရိကန်အစိုးရဟာ CPC ပါတီခေါင်းဆောင်တွေနဲ့ သူတို့မိသားစုတွေကို ပြည်ဝင်ခွင့် ပိတ်ဖို့ စဉ်းစားနေတယ်လို့ နယူးယောက်တိုင်းမ်စ်သတင်းစာက ပြီးခဲ့တဲ့အပတ်ကပဲ ဖော်ပြခဲ့တာပါ။
ဒါပေမဲ့ စီစီတီဗွီရုပ်သံနဲ့ အင်တာဗျူးမှာ သံအမတ်ကြီးက အမေရိကန်က လူတော်တော်များများဟာ CPC ပါတီကို အထင်လွဲနေကြတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်ရဲ့ တကယ့်သမိုင်းကို သူတို့ တကယ်မသိကြလို့ ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။
အတားအဆီးရှိလည်း တရုတ်ပြည်အနေနဲ့ လမ်းကြောင်းမှန်အတိုင်း ဆက်သွားမယ်လို့ သံအမတ်ကြီးက ပြောတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။