A d v e r t i s e m e n t With Us

UBP ပါတီက ဖြူဖြူထွေးထက် ဖေ့စ်ဘွတ်ခ် follower ပိုများလာစေရန် ဒေါ်လာသုံးပြီး boost လုပ်နေ

သူရ ဦးရွှေမန်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)အနေနဲ့ သူတို့ပါတီရဲ့  လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ဖြူဖြူထွေးရဲ့ဖေ့စ်ဘွတ်ခ်ထက် follower ပိုများအောင် ဒေါ်လာသုံးပြီး boost (မြှင့်တင်) လုပ်နေတယ်လို့ ပါတီရဲ့ ရန်ကုန်တိုင်းစည်းရုံးရေး တာဝန်ခံ ဦးတင်မောင်ဦးက ပြောပါတယ်။ ငွေပမာဏ ဘယ်လောက်ထိများအောင် ငွေကြေးသုံးစွဲသွားမလဲဆိုတာကို မပြောနိုင်သေးဘူး လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ရဲ့ ရန်ကုန်တိုင်းစည်းရုံးရေး တာဝန်ခံ ဦးတင်မောင်ဦးက ဒီဗွီဘီကိုပြောပါတယ်။ “အဲဒီငွေကတော့ မှန်းလို့မရဘူး။ လောလောဆယ်ကတော့ boost  စတင်တာ တနေ့ကို ၁၀ ဒေါ်လာတင်တယ်။ မရတော့ ၂၀ တင်တယ်။ ဒီထက်အောင်မြင်အောင် ၃၀ တင်တယ်။ လာမယ့်အပတ်မှာ ၄၀ တင်မယ်။ မရရင် ၅၀ တင်မယ်။ မရရင် ၆၀ တင်မယ်၊ အဲဒီပုံစံနဲ့ လိုချင်တဲ့ target ကို သတ်မှတ်တဲ့အချိန်မှာရအောင် လုပ်သွားမှာဖြစ်ပါတယ်။ target လိုချင်တာကတော့ ဘယ်လောက် မျှော်မှန်းလဲ မေးရင်တော့ ဖြူဖြူထွေးထက်သာချင်တာပေါ့။ အဲလောက် မျှော်မှန်းထားတယ်”လို့ ဦးတင်မောင်ဦးက ပြောပါတယ်။  တပ်မတော်ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းဦးဆောင်တဲ့ UBPပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက်  လူမှုကွန်ယက်စာမျက်နှာကနေ မဲဆွယ်မှုတွေ ပြု လုပ်သွားမယ်လို့ဆိုပါတယ်။ လက်ရှိအခြေအနေမှာ ဆိုရှယ်မီဒီယာဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေတဲ့အတွက် သူတို့ပါတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အတိုင်းအတာတစ်ခုထိ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေကြားထဲ ပျံ့နှင့်အောင် ငွေကြေးသုံးစွဲသွားမယ်လို့ဆိုပါတယ်။ UBP ပါတီရဲ့ ဖေ့စ်ဘွတ်စ်စာမျက်နှာဟာ ဒီကနေ့ ဇူလိုင် ၂၂ ရက်မနက်ပိုင်းအထိ Follow လုပ်ထားသူစုစုပေါင်း  ၇၂, ၇၀၇ ရှိပြီး Likes ၇၁,၄၇၄ ရှိပါတယ်။ ဖြူဖြူထွေးရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကတော့လက်ရှိ  Follow လုပ်ထားသူစုစုပေါင်း ၄ ဒသမ၇ သန်း  ရှိပြီး Likes ၂ ဒသမ ၇ သန်း ရှိပါတယ်။ ပြည်ထောင်စု ကောင်းကျိုးဆောင် (UBP) ပါတီအနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ကိုယ်စားလှယ်လောင်း  ၉၀၀ နဲ့ ၁၀၀၀   ဝင်ရောက်ယှဉ်ပြိုင်မယ်လို့  ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောထားပါတယ်။ ဒါ့အပြင် မဲဆန္ဒနယ်အားလုံးရဲ့ထက်ဝက် အနိုင်ရရှိဖို့နဲ့ အစိုးရဖွဲ့ဖို့ မျှော်မှန်းထားတယ်လို့လည်း ပါတီခေါင်းဆောင်  သူရဦးရွှေမန်းက ပြောပါတယ်။ သတင်း - ထက်ဝေအောင်

A d v e r t i s e m e n t With Us

More News
Up