A d v e r t i s e m e n t With Us

အိန္ဒိယတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၈၆ ယောက်ထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံနဲ့ ဘီဟာပြည်နယ်တွေမှာ မုတ်သုံမိုးကြောင့် ရေလွှမ်းမိုးတဲ့အတွက် ဇူလိုင် ၂၁ ရက်က လယ်မြေဟက်တာ ထောင်ချီ ပျက်စီးပြီး လူ ၈၆ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဒေသခံ မီဒီယာတွေက ဆိုပါတယ်။ ရေဘေးကြောင့် ထောင်နဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာရင်း ယာယီဖောင်တွေ လှေတွေနဲ့ ထွက်ပြေးခဲ့ရပါတယ်။ မေလကတည်းက ခုထိ ရေဘေးကြောင့် လူပေါင်း ၂ ဒသမ ၇၅ သန်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရတယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၂၀ မှာ ပြောပါတယ်။ ကမ္ဘာ့တတိယအဆိုးဆုံး ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါဘေးသင့်နေတဲ့ အိန္ဒိယနိုင်ငံဟာ ရေဘေးကြောင့် စိန်ခေါ်မှုကို နှစ်ဆ ရင်ဆိုင်နေရပါတယ်။ ဇူလိုင် ၂၁ ရက်ထိ အတည်ပြုချက်အရ အိန္ဒိယမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ၁ ဒသမ ၁၆ သန်းကျော် ရှိပြီး ကူးစက်ခံ လူနာ ၂၈,၀၀၀ ကျော် သေဆုံးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up