Home
မြန်မာသတင်း
ရန်ကုန်တိုင်း နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးဝင်းတင့်ကို ပြောင်းလဲခန့်အပ်
DVB
·
July 22, 2020
111393274_1734373390051613_8339389692156870662_n
110803409_1734373443384941_6101091037911545533_n
109733008_1734373416718277_1040544100767510319_n
109320894_1734373353384950_553320038482689675_n
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဝင်းတင့်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး အဖြစ် ဇူလိုင် ၂၂ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ကန့်ကွက်သူမရှိဘဲ အတည်ပြု ခန့်အပ်လိုက်ပါတယ်။ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးနေရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးလာတဲ့သူကို ပြောင်းလဲခန့်အပ်ခဲ့တာပါ။ လက်ရှိပြောင်းလဲ ခန့်အပ်ခဲ့တဲ့ နယ်လုံဝန်ကြီး အပါအဝင် လက်ရှိအစိုးရလက်ထက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ နယ်လုံဝန်ကြီး ၃ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ အစိုးရသစ် တာဝန်ယူချိန်က ဗိုလ်မှူးကြီး တင်အောင်ထွန်းက နယ်လုံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကနေ ဗိုလ်မှူးကြီး အောင်စိုးမိုးက တာဝန်ယူခဲ့ပြီး ခုနောက်ဆုံး နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးဝင်းတင့်ကို ပြောင်းလဲခန့်အပ်ခဲ့တာပါ။  လာမယ့် ဇူလိုင် ၂၄ ရက် ၊ ကျင်းပမယ့် ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ် အစည်းအဝေးမှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးဝင်းတင့်က ကတိသစ္စာပြုပြီး စတင် တာဝန်ထမ်းဆောင်သွားမှာပါ။ သတင်း - နန့်ခိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024