မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
A
d
v
e
r
t
i
s
e
m
e
n
t
With Us
ငြိမ်းသော်၊ ကူးကူးဇင်အောင်တို့ပါဝင်သည့် သရဲရုပ်သံဇာတ်လမ်းတွဲထုတ်လွှင့်မည်(နမူနာ)
ပရိသတ်အချစ်တော် လူငယ်မျက်နှာသစ် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ငြိမ်းသော်နဲ့ ကူးကူးဇင်အောင်တို့ ပါဝင်ထားကြတဲ့ သည်းထိတ်ရင်ဖို သရဲရုပ်သံ ဇာတ်လမ်းတွဲတခုကို Cookie TV မှာ ဒီကနေ့စတင်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။
“နင်ရှိတဲ့ကမ္ဘာ”လို့ အမည်ပေးထားတဲ့ ဒီရုပ်သံဇာတ်လမ်းတွဲကိုတော့ Bonanza Production နဲ့ Cookie TV တို့က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အမျိုးသမီးရုပ်ရှင် ဒါရိုက်တာ မေဘရဏီက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
မတော်တဆအက်ဆီးဒန့်တခုဖြစ်ခဲ့ပြီးနောက် သရဲတွေကို စမြင်ခဲ့ရတဲ့ ကောင် လေးတယောက်နဲ့ ဝိဉာဉ်ကောင်မလေးတယောက်နဲ့ ဆုံတွေ့ခဲ့ချိန်မှာတော့ သူတို့ ၂ ယောက်ကြား ဘယ်လို ဆက်နွယ်မှုတွေ ရှိနေခဲ့သလဲ၊ ဘာတွေဖြစ်လာမလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမယ့် ဇာတ်လမ်း ဖြစ်ပါတယ်။
ငြိမ်းသော်ဟာ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ “ည”ရုပ်ရှင်ကားနဲ့ စတင်ပြီး ပရိသတ်တွေ နှစ်ခြိုက်အားပေးခံခဲ့ရသူဖြစ်ပြီး ကူးကူးဇင်အောင်ကလည်း “သူစိမ်းအိမ်” ရုပ်ရှင်နဲ့အတူ ရေပန်းစားလာခဲ့တာမို့ သူတို့ ၂ ယောက်ရဲ့ တွဲဖက်သရုပ်ဆောင်မှုကလည်း ပရိသတ်တွေ စိတ်ဝင်စားစရာ ဖြစ်နေခဲ့တာပါ။
ဒီရုပ်သံဇာတ်လမ်းတွဲထဲမှာတော့ သူတို့ ၂ ယောက်နဲ့အတူ တခြားသရုပ်ဆောင် တွေဖြစ်ကြတဲ့ ဖြိုးငွေစိုး၊ ထွန်းကိုကို၊ မင်းမြတ်စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထား ကြတာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်း ည ၉ နာရီ မှာ ထုတ်လွှင့်ပြသသွားမယ်လို့ ကြေညာထားပါတယ်။
https://www.facebook.com/CookieMyanmar/videos/325678875102360/
Tags
ကူးကူးဇင်အောင်
ငြိမ်းသော်
သရဲရုပ်သံဇာတ်လမ်းတွဲ
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up