A d v e r t i s e m e n t With Us

ဒီဂီယာဟာ အမှားကို ပြင်ဆင်ရန် စိတ်ဓာတ်ခိုင်မာသူဖြစ်ဟု နည်းပြ ဆိုးလ်ရှားပြော

မန်ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ အမှားတွေကို ပြင်ဆင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ခိုင်မာသူ ဖြစ်တယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောလိုက်ပါတယ်။ ဒီဂီယာဟာ ချဲလ်ဆီးအသင်းကို ၃ ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးနဲ့ပတ်သက်ပြီး အမှားကျူးလွန်ခဲ့တာပါ။  ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဒီဂီယာနဲ့ ပတ်သက်ပြီး နည်းပြဆိုးလ်ရှားကို သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။ ဒီဂီယာဟာ အမှားတွေကနေ သင်ခန်းစာယူပြီး လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်နေကြောင်းနဲ့ အဲဒီလိုအမှားတွေကနေ ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ စိတ်ပိုင်းဆိုင်ရာမှာလည်း ခိုင်မာသူဖြစ်တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။ အဲဒီလိုမပြောခင်မှာတော့ ဒီသတင်းစာရှင်းလင်းပွဲဟာ ဒီဂီယာနဲ့ပတ်သက်တဲ့ ရှင်းလင်းပွဲ မဟုတ်ကြောင်း နည်းပြဆိုးလ်ရှားက ဆိုခဲ့ပါသေးတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ဒီကနေ့ည ၁၁ နာရီခွဲအချိန်မှာ ဝက်စ်ဟမ်းအသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up