A d v e r t i s e m e n t With Us

ဖားကန့်တွင် ထိခိုက်သေဆုံးခဲ့သူများအတွက် ပရဟိတဈေးရောင်းပွဲတော်သို့ မင်းသား နေတိုးက ကျပ် ၁၀ သိန်းလှူ

       သဘင်ပညာရှင်တွေ ဦးဆောင်ကျင်းပတဲ့ ပိုသူလှူလိုသူကူ အွန်လိုင်းဈေးရောင်းပွဲတော်အတွက် ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား နေတိုးက ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။ ဒီပွဲတော်ကိုတော့ ဖားကန့်မြေပြိုမှုဖြစ်စဉ်မှ ထိခိုက်သေဆုံးခဲ့သူတွေအတွက် လှူဒါန်းဖို့ ရည်ရွယ်ချက်နဲ့ ဇူလိုင်လ ၁၄ ရက်နေ့တည်းက စတင်ကျင်းပနေတာ ဖြစ်ပါတယ်။        ခုလိုအလှူနဲ့ ပတ်သက်ပြီး နေတိုးက      “ဒီ​နေ့ သဘင်ပညာရှင်များရဲ့ "ပိုသူလှူ လိုသူကူ" အွန်လိုင်းဈေးရောင်းပွဲတော် အ စီအစဉ်အတွက် ထပ်မံပြီး​တော့ အလှူ​ငွေ( ၁၀)သိန်းပါဝင်လှူဒါန်းဖြစ်ပါတယ်။ "ကုသိုလ် လည်းရ ဝမ်းလည်းဝ"ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခုကိုသွားသတိရမိပါတယ်။ ကောင်း​သော အသက်​မွေးခြင်းဖြင့် ကုသိုလ်လည်းရဝမ်းလဲဝသကဲ့သို့ ​ကောင်း​သော အမှုကို သူတ ပါးအတွက်​စေတနာ​ကောင်းနှင့် ​ဆောင်ရွက်​ပေးခြင်းဖြင့် မိမိအကျိုးလည်း တပါတည်း ပြည်စုံတယ်လို့ ဆိုလိုတာပါ။ အလှူလုပ်ချင်လို့ အစားအ​သောက်များကိုအခုလို online​ပေါ်က​နေ မှာယူလို့ရ​အောင်ကြိုး​​စားနေကြတဲ့သဘင်ပညာရှင်တွေ​ရော မှာယူစားသောက် ကြတဲ့ မိဘပြည်​သူတွေ​အားလုံးအားလုံးဟာ" ကုလိုလ်လည်းရဝမ်းလည်ဝ "ဆိုတဲ့အတိုင်း ​လောကီအတွက်​ကော​ လောကုတ္တရာ အတွက်ပါ နှစ်ဦးနှစ်ဖက်လုံး အကျိုးထူးရ​စေမှာ အမှန်ပဲဖြစ်ပါတယ်။”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။        နေတိုးဟာ အလှူအတန်းရက်ရောတဲ့ သရုပ်ဆောင်မင်းသားတယောက်ဖြစ်ပြီး သိပ်မကြာခင်ကလည်း ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ညီဖြစ်သူ မင်းသွေးအတွက် ရည်စူးကာ ရခိုင် စစ်ရှောင်တွေအတွက် တဲအိမ် ၁၅ လုံးကို လှူဒါန်းခဲ့ပါတယ်။  ခီမောင်နှံပရဟိတအဖွဲ့က ဦး ဆောင်နေတဲ့ ကိုဗစ်ကာလ ချို့တဲ့နွမ်းပါးသူတွေအတွက် Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့ဆီ ငွေကျပ်သိန်း ၃၀ လည်း လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up