စကော့တလန် လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲရလဒ်ကို ရုရှားအစိုးရ စွက်ဖက်

ရုရှားအစိုးရဟာ စတော့တလန် လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲ ရလဒ်ကို သြဇာလွှမ်းနိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ၂၀၁၆ ဘရဲဆစ် မဲပေးချိန်မှာတော့ မစွက်ဖက်ခဲ့ဘူးလို့ ဗြိတိန်လွှတ်တော်၊ ထောက်လှမ်းရေးနဲ့ လုံခြုံရေးကော်မတီက တင်သွင်းတဲ့ ရုရှား နိုင်ငံရေးသြဇာအစီရင်ခံစာမှာ ထုတ်ဖော် ဖွင့်ချလိုက်ပါတယ်။ ဇူလိုင် ၂၁ ရက်မှာ ဖြန့်ချိမယ့် စာမျက်နှာ ၅၀ ပါတဲ့ ဒီအစီရင်ခံစာထဲမှာတော့ ၂၀၁၄ မှာ ဗြိတိန်ကို ဖြိုခွဲဖို့ ရုရှားက ကြိုးစားခဲ့တယ်ဆိုတာ ဖော်ထုတ်ထားလိမ့်မယ်။ ဒါဟာ ဆိုဗီယက်ခေတ် အလွန် အနောက်ဥရောပ ဒီမိုကရက်တစ် ရွေးကောက်ပွဲကို ပထမဆုံး စွက်ဖက်မှုပဲလို့ သဒေးလီးမေးလ် သတင်းဌာနက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up