စီးပွားရေးပြန်ကုစားရေးအစီအစဉ် အီးယူ ခေါင်းဆောင်များ သဘောတူ

1.1K
ယူရို ဘီလီယံ ၇၅၀ ထောက်ပံ့ငွေနဲ့ ချေးငွေပေးအပ်မယ့် စီးပွားရေး ပြန်ကုစားရေး အစီအစဉ်နဲ့ပတ်သက်လို့ ဇူလိုင် ၂၁ ရက်မနက်ပိုင်းမှာ အီးယူ ခေါင်းဆောင်တွေ သဘောတူညီချက် ရခဲ့ပါတယ်။
အီးယူခေါင်းဆောင်တွေဟာ ညှိနှိုင်းဆွေးနွေးမှုမှာ တားဆီးနေတဲ့ မတူညီမှုတွေကို ဘေးဖယ်ထားပုံရတယ်လို့ သံတမန်တွေက ပြောပါတယ်။ အခုဆိုရင် ခေါင်းဆောင်တွေဟာ နောက်ဆုံးအဆင့်ကို ရောက်သွားပြီလို့လည်း သံတမန် တစ်ဦးက ပြောပါတယ်။
အီးယူနိုင်ငံတွေ ခက်ခက်ခဲခဲ ရထားတဲ့ သဘောတူညီချက်ဟာ အီးယူ ၂၇ နိုင်ငံစလုံး အနာဂတ်မှာ ဘုံယုံကြည်ချက်နဲ့ စည်းစည်းလုံးလုံး ရှိနိုင်တယ်ဆိုတာကို ပြသလိုက်တယ်လို့ ဥရောပကောင်စီ ဥက္ကဋ္ဌ ချားစ်လ်မစ်ရှယ်ကလည်း ပြောပါတယ်။
မစ်ရှယ်က ပြန်ကုစားရေး ရန်ပုံငွေ ဘီလီယံ ၇၅၀ မှာ ဘီလီယံ ၃၉၀ ဟာ ပေးဆပ်စရာ မလိုတဲ့ ထောက်ပံ့ကြေး ဖြစ်သင့်ပြီး ကျန်ငွေကတော့ ပေးဆပ်ရမယ့်ချေးငွေ ဖြစ်သင့်တယ်လို့ အဆိုပြုပါတယ်။