နိုင်ငံရပ်ခြားတွင် တပ်ဖွဲ့များ ဖြန့်ကြက်ရန် အီဂျစ်ပါလီမန် သဘောတူ

1.4K
လစ်ဗျားအရေးမှာ အီဂျစ်အစိုးရက ကြားဝင်ဆောင်ရွက်နိုင်တယ်လို့ သမ္မတအယ်စီစီ ပြောဆိုခဲ့ပြီးနောက် နိုင်ငံရပ်ခြားမှာ တပ်ဖွဲ့တွေကို ဖြန့်ကြက်ဖို့ အီဂျစ်ပါလီမန်က ဇူလိုင် ၂၀ ရက်မှာ သဘောတူလိုက်ပါတယ်။
အီဂျစ်တပ်ဖွဲ့ဝင်တွေဟာ အမျိုးသားလုံခြုံရေးကို ကာကွယ်သွားမယ်လို့ ပါလီမန်က သတင်းထုတ်ပြန်ချက်မှာ ပြောဆိုပေမယ့် အသေးစိတ်နဲ့ လစ်ဗျား ဆိုပြီး တိုက်ရိုက် နာမည်တပ် ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။
အီဂျစ်အမျိုးသားလုံခြုံရေးနဲ့ အိမ်နီးချင်း လစ်ဗျားနိုင်ငံအပေါ် ခြိမ်းခြောက်မှုရှိမယ်ဆိုရင် အီဂျစ်ဟာ ဒီအတိုင်းနေမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ သမ္မတစီစီ ပြောဆိုပြီးနောက်မှာပဲ ပါလီမန်က ခုလို ဆုံးဖြတ်လိုက်တာပါ။
လစ်ဗျားနိုင်ငံအတွင်း မတည်ငြိမ်မှုနဲ့ နိုင်ငံတကာအသိမှတ်ပြု လစ်ဗျားအစိုးရကို တူရကီ ထောက်ခံကူညီနေတဲ့အပေါ်မှာ အီဂျစ်ဟာ စိုးရိမ်ပူပန်နေပါတယ်။
ထရီပိုလီအစိုးရ တိုက်ခိုက်ရေးသမားတွေဟာ ဆာတာမြို့ကို ဗိုလ်ချုပ်ကြီးဟက်ဖ်တာရဲ့ LNA တပ်တွေဆီက ပြန်သိမ်းဖို့ မျှော်လင့်နေတာပါ။
လစ်ဗျားပဋိပက္ခဟာ လက်နက်ရောင်းချမှု ပိတ်ပင်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး လက်နက်နဲ့ တိုက်ခိုက်ရေးသမားတွေ ပုံအောနေကြတဲ့ ပြင်ပအင်အားကြီးနိုင်ငံတွေကြားမှာ တိုက်ရိုက်ပဋိပက္ခဖြစ်လာနိုင်တဲ့အန္တရာယ် ရှိနေတယ်လို့ ရိုက်တာက ရေးသားပါတယ်။