A d v e r t i s e m e n t With Us

YBS ဘတ်စ်ကားများတွင် YPS ကတ်စနစ် စတင်အသုံးပြု 

YBS ခရီးသည်တင် ဘတ်စ်ကားလိုင်းတွေမှာ ငွေပေးချေစနစ်ဖြစ်တဲ့ YPS (Yangon Payment Services) ကို ဒီကနေ့ ဇူလိုင် ၂၁ ရက် နေ့မှာ ခရီးသည်တွေ စတင် အသုံးပြုနေကြပြီဖြစ်ပါတယ်။ အဆိုပါ YPS ကတ်တွေကို ရန်ကုန်မြို့အတွင်းရှိ ဆိုင်ပေါင်း ၁၀၀ ကျော်မှာ ဝယ်ယူရရှိနိုင်ပြီး ဆူးလေ၊ သမိုင်းနဲ့ တာမွေမြိုနယ်ရှိ YPS service စင်တာတွေမှာလည်း ဝယ်ယူနိုင်ပါတယ်။ YPS ကတ်စနစ်ဟာ ပထမအဆင့်အနေနဲ့ ဘတ်စ်ကားလိုင်းတချို့မှာသာ စတင်အသုံးပြုနေတာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ဘတ်စ်ကားအားလုံမှာ ကျင့်သုံးသွားမယ်လို့ သိရပါတယ်။  Photo - Ye Myo Khant / MPA

A d v e r t i s e m e n t With Us

More News
Up