တက္ကဆက်ပြည်နယ်တွင် အသက် ၁ နှစ်အောက် ကလေးငယ် ၈၅ ယောက် ကိုဗစ်-၁၉ ပိုးတွေ့

A medical worker administers a nasal swab to a baby at a drive-through testing site for coronavirus disease (COVID-19) near the hospital in Laval, in Mayenne department, France, July 15, 2020. REUTERS/Stephane Mahe - RC2QTH9IRP3L
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တောင်ပိုင်း ကလေးဆေးရုံတစ်ခုမှာ မတ်လနောက်ပိုင်း အသက်တစ်နှစ်အောက် ကလေးငယ် ၈၅ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရတယ်လို့ ဒေသ NBC သတင်းဌာနမှာ ဖော်ပြပါတယ်။ ကော်ပတ်စ်ခရစ္စတီမြို့  ဒရစ်ကောကလေးဆေးရုံက ကလေးတစ်ယောက် သေဆုံးတယ်လို့ NBC သတင်းက ဖော်ပြပေမယ့် တာဝန်ရှိသူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းနေဆဲ ဖြစ်ပါတယ်။  တက္ကဆက်ဟာ ကိုရိုနာဗိုင်းရပ်စ် ဆတိုးကူးစက်နေတဲ့ အမေရိကန်ပြည်နယ်တွေထဲက တစ်ခု ဖြစ်ပါတယ်။ တက္ကဆက်ပြည်နယ်မှာ ၅ ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်သူ ၁၀၀၀၀ ကျော်ခဲ့ပြီးနောက် ဇူလိုင် ၁၉ ရက်မှာတော့ အသစ်ကူးစက်သူ ၇,၃၀၀ ရှိခဲ့ပါတယ်။  အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃ ဒသမ ၇ သန်းကျော် သေဆုံးသူ  ၁၄၀,၀၀၀ ကျော်နဲ့  ကမ္ဘာမှာ ဦးဆောင်နေတယ်လို့  ရိုက်တာသတင်းအရ သိရပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up