အိန္ဒိယတွင် ရေကြီးမှုကြောင့် ၈၄ ဦးထက်မနည်း သေဆုံး

အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ မိုးသည်းထန်ပြီး ရေကြီးတာကြောင့် လူပေါင်း ၈၄ ယောက်ထက်မနည်း သေဆုံးပြီး မေလကစလို့ နေရပ်စွန့်ခွာရသူ ၂ ဒသမ ၇၅ သန်းရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဇူလိုင် ၁၉ ရက်က အရှေ့မြောက်ဘက် ဒီဘလူဂါ့သ်ခရိုင်မှာ နေအိမ်တွေ တစိတ်တပိုင်း ရေမြုပ်နေပါတယ်။
ဗြဟ္မပုတ္တရမြစ်ရေဟာ ၄ ဒသမ ၃ လက်မအထိ မြင့်တက်ဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
မြစ်ရေလျှံတာကြောင့် ရွာပေါင်း ၂,၅၀၀ ကျော် ရေကြီးပြီး သီတင်းနှစ်ပတ်အကြာပဲ ခုလို သတိပေးတာ ဖြစ်ပါတယ်။
မြစ်ရေလျှံရာကနေ သီးနှံတွေ ပျက်စီး၊ မြေပြိုတာတွေဖြစ်ပြီး လူသန်းနဲ့ချီ နေရပ်စွန့်ခွာခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အာသံပြည်နယ်ဟာ ရေကြီးတာနဲ့ ကိုရိုနာဗိုင်းရပ်စ် နှစ်ခုစလုံးကို ရင်ဆိုင်နေရပါတယ်။ ရေကြီးပြီးနောက် ခရိုင် ၃၃ ခုအနက် ၂၅ ခုဟာ ရေကြီးဒဏ်ခံနေရဆဲ ဖြစ်ပါတယ်။
လက်ဖက်စိုက်ခင်းတွေကြောင့် ထင်ရှားတဲ့ အာသံပြည်နယ်ဟာ ရေကြီးမှုကို ထိန်းချုပ်တာတွေ ရှိပေမယ့်လည်း မိုးရာသီတိုင်း ရေကြီးဒဏ် ခံရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကိုလည်း ဖြေရှင်းနေရတဲ့ အိန္ဒိယနိုင်ငံမှာ ကူးစက်သူ ၁ သန်းကျော်ရှိပြီး သေဆုံးသူ ၂၆,၀၀၀ ကျော်ရှိတယ်လို့ အစိုးရ ကိန်းဂဏန်းတွေကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။