ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ သန်း ၉၀ ဝယ်ယူရန် ဗြိတိန်အစိုးရ သဘောတူစာချုပ်

1.1K
ဗြိတိန်အစိုးရဟာ ပီဖှီဇာ နိုင်ငံတကာကော်ပိုရေးရှင်း၊ ဘိုင်အိုအဲန်တက်ခ်ညွန့်ပေါင်းနဲ့ ပြင်သစ်အုပ်စု ဗယ်လ်နေဗာတို့ဆီကနေ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးဖြစ်နိုင်ခြေ နှစ်မျိုး စုစုပေါင်း အလုံးရေ သန်း ၉၀ ဝယ်ဖို့ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီလို့ စီးပွားရေးဝန်ကြီးဌာနက ဇူလိုင် ၂၀ မှာ ပြောပါတယ်။
ဗြိတိန်ဟာ ပီဖှီဇာနဲ့ ဘိုင်အိုအဲန်တက်ခ် ကာကွယ်ဆေး လုံးရေ သန်း ၃၀ နဲ့ ပြင်သစ်ပိုင် ဗယ်လ်နေဗာ ကာကွယ်ဆေး လုံးရေ သန်း ၆၀ အတွက် သဘောတူညီချက် ရအောင် ယူခဲ့တာ ဖြစ်ပြီး တကယ်လို့ ကာကွယ်ဆေးက ဘေးကင်း၊ ထိရောက်ပြီး သင့်တော်တာ သက်သေပြနိုင်ရင် နောက်ထပ် သန်း ၄၀ ထပ်ဝယ်မယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမဲ့ သဘောတူညီချက်အတွက် ငွေရေးကြေးရေး စည်းကမ်းသတ်မှတ်ချက်တွေကို အတည်မပြုရသေးပါဘူး။
ကပ်ဘေးသင့် လူထုကို ကာကွယ်ဖို့ ကာကွယ်ဆေးရတာ သေချာစေရေး ဖြစ်နိုင်ခြေ အကောင်းဆုံးအခွင့်အရေး ဗြိတိန်မှာ ရှိနေတယ်ဆိုတာ သေချာစေလိမ့်မယ်လို့ စီးပွားရေး ဝန်ကြီးက ကြေညာချက်ထဲမှာ ပြောထားပါတယ်။
အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ တွဲဖက် ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေး ဖြစ်နိုင်ခြေအတွက် ထိုးဆေး သန်း ၁၀၀ ထုတ်လုပ်ဖို့ အဲ့စ်ထရာဇေနေကာ လုပ်ငန်းနဲ့ သဘောတူညီချက်ကိုလည်း ဗြိတိန်က အစောပိုင်းမှာ ကြေညာထားပါသေးတယ်။
ကမ္ဘာတဝန်း လူသန်းပေါင်းများစွာကို ကူးစက်ခဲ့ပြီး ကူးစက်ခံ ၆ သိန်းကျော် သေဆုံးခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကို ထိန်းချုပ်ဖို့ ကာကွယ်ဆေး လိုတယ်လို့ ပညာရှင်တွေက ပြောနေကြပါတယ်။
ကာကွယ်ဆေးမထိုးနိုင်သူတွေကို ကာကွယ်ဖို့ အဲ့စ်ထရာဇေနေကာ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကနေ ကိုဗစ်-၁၉ ရောဂါကို ကုသအောင်မြင်ပြီးသူရဲ့ ကိုယ်က ပဋိပစ္စည်းပါတဲ့ ကုသနည်းကို ရပြီးပြီလို့လည်း ဗြိတိန်အစိုးရက ဇူလိုင် ၂၀ ရက်မှာ ပြောပါတယ်။