A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် လုပ်စရာ အများကြီးကျန်သေးဟု WHO အကြီးအကဲ ပြော

ကာကွယ်ဆေး သုတေသနနယ်ပယ်မှာ တိုးတက်မှုတွေကို ကြိုဆိုလိုက်ပေမယ့် ပြီးအောင်လုပ်စရာ အလုပ်တွေ အများကြီး ကျန်သေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အရေးပေါ်အစီအစဉ် အကြီးအကဲ မိုက်ခ်ရိုင်ယန်က ဇူလိုင် ၂၀ မှာ ပြောပါတယ်။ တီထွင်ဆဲ ကာကွယ်ဆေး ဖြစ်နိုင်ခြေ ၂၃ မျိုးထဲက ၃ မျိုးကိုသာ တခြားသိပ္ပံပညာရှင်တွေ သုံးသပ်နိုင်ရေး စစ်ဆေးဖို့ သတင်းအချက်အလက်တွေ ပေးထားတယ်လို့လည်း  ဂျီနီဗာမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း WHO ရဲ့ ညွှန်ချုပ် တေဒရို ဂယ်ဘရီယေးဆပ်က  ပြောပါတယ်။ “ကျနော်တို့ ကာကွယ်ဆေးကို ထိုင်စောင့်နေလို့ မရဘူး။ ကျနော်တို့ အခု အသက်တွေကို ကယ်ရမယ်။ လက်ထဲရှိတာတွေနဲ့ ပိုအလုပ်လုပ်ရင်း ကာကွယ်ဆေး သုတေသနအရှိန်ကို ဆက်မြှင့်ရမယ်”  ကမ္ဘာတဝန်းမှာ ဇူလိုင် ၂၀ ရက်အထိ အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကူးစက်ခံလူနာ ဦးရေဟာ ၁၄ ဒသမ ၅သန်း ကျော်ခဲ့ပြီး ကူးစက်ခံ သေဆုံးသူ ၆ သိန်းကျော် ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up