Home
မြန်မာသတင်း
ရော့ခ်စတားမျိုးကြီး၏ သီချင်းသစ်-“အဘိဓာန် ”ထွက်ရှိ၊ အကျိုးအမြတ်အားလုံးလှူဒါန်းမည် (ရုပ်သံ)
DVB
·
July 21, 2020
       အဆိုတော် လင်းလင်းရေးစပ်ပေးထားခဲ့ပြီး နာမည်ကြီး ရော့ခ်စတားအဆိုတော် မျိုးကြီး သီဆိုထားခဲ့တဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။        “အဘိဓာန်”လို့ အမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ Tay Than Thar Music မှ တဆင့် ဖြန့်ချိပေးထားခဲ့တာဖြစ်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေအားလုံးကို တသက်စာ အလှူအနေနဲ့ “ခေတ်သစ် ဖောင်ဒေးရှင်း”ကို လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။        “ဒါဘဝပါပဲ… တခါတခါ ကောင်းကင်ထဲ… ကြယ်လို လင်းနေပြီး ကြွေတဲ့အခိုက် မှာ ပျောက်ကွယ်သွားတယ်… ဒါဘဝပါပဲ… ဒါဘဝပါပဲ… လူတွေအကြိုက်နေပြီး… လူ တွေအကြိုက်သေပြီး… တချိန်တော့ အားလုံးလွင့်စင်သွားတယ်”        ရန်ကုန်မြို့ဇာတိ၊ အသက် ၄၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မျိုးကြီးဟာ ၁၉၉၃ ခုနှစ်မှာ Ghost Roder တေးဂီတအဖွဲ့ရဲ့ လိဒ်ဂစ်တာသမားတယောက်အနေနဲ့ ဂီတလောကကို စတင်ဝင်ရောက်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ နာမည်ကြီး တေးရေး၊ ဂစ်တာသမားတယောက်ဖြစ်တဲ့ စော ဘွဲ့မှူး စတင်တည်ထောင်ခဲ့တဲ့ အိုင်စီအဖွဲ့ထဲကို ရောက်ရှိလာခဲ့ပြီး အဆိုတော်တယောက် အနေနဲ့ သူ့ရဲ့ ပထမဆုံး ဆိုလိုတေးအယ်လ်ဘမ် ‘ကျောက်စာများ’ကို ၁၉၉၇ ခုနှစ်မှာ စ တင်ထွက်ရှိနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတေးအယ်လ်ဘမ်ဟာ ပရိသတ်တွေကြား ထင်သလောက် မရောက်ခဲ့ဘဲ နောက်ထပ် ၁၉၉၈ ခုနှစ်မှာ ထပ်မံထွက်ရှိခဲ့တဲ့ ‘လေပြေ’ကတော့ သူ့ကို ရော့ခ်တေးသံ ရှင် မျိုးကြီးအဖြစ် ပရိသတ်တွေက သိသွားစေခဲ့ပါတယ်။ ထူးခြားတဲ့ အသံပါဝါအားကောင်းကောင်းနဲ့ ရှိုးပွဲတွေမှာ ခွန်အားပါပါ သီဆိုလေ့ရှိ တဲ့ မျိုးကြီးဟာ ‘အခမ်းနားဆုံး’၊ ‘အပြန်လမ်း’၊ ‘ဆန့်ကျင်ဘက်’၊ ‘နိစ္စဓူဝ’၊ ‘Live In Yangon(1)(2)’၊ ‘ယူလိုက်’၊ ‘ပြောင်းလဲခြင်းများ’ စတဲ့ တကိုယ်တော် တေးအယ်လ် ဘမ်တွေအပြင် အတွဲတေးအယ်လ်ဘမ်တွေ ဖြစ်တဲ့ ‘95 Myanmar Billboard Top Hits’၊ ‘စောဘွဲ့မှူးအမှတ်တရ(၂)’၊ ‘တို့ရဲ့ချစ်သူများနေ့’၊ ‘ရာစုသစ်’၊ ‘LMN’ စတဲ့ တေးအယ် လ်ဘမ်ပေါင်း များစွာမှာ သီဆိုအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ “ခိုင်မာတဲ့ စိတ်ဓာတ်တို့ မွေးထားတယ်… ယုံကြည်ချက် အိပ်မက်သစ်တွေ အ တွက်… လူကို ငိုစေတဲ့ လောကထဲက စကားတွေ… ကျော်ဖြတ်ရင်း အကောင်းဆုံး အ သက်ရှင်မယ်… ခိုင်မာတဲ့ စိတ်ဓာတ်တို့ မွေးထားတယ်… ယုံကြည်ချက် အိပ်မက်သစ် တွေအတွက်… လူကို ငိုစေတဲ့ လောကထဲက စကားတွေ… ကျော်ဖြတ်ရင်း အကောင်း ဆုံး အသက်ရှင်မယ်… ငါ အကောင်းဆုံး အသက်ရှင်မယ်” အဆိုတော် မျိုးကြီးဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး ဒီသီချင်းကတော့ သူနေပြန်ကောင်းလာပြီး ပထမဆုံးအနေနဲ့ ထွက်ရှိတဲ့ သီချင်းတပုဒ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024