မန်ယူဂိုးသမား ဒီဂီယာဟာ ကျောင်းသားရွယ်အမှားများ ကျူးလွန်နေဟု ပေါလ်အင့် ဝေဖန်

913
မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ ကျောင်းသားအရွယ် အမှားတွေ လုပ်ဆောင်နေတယ်လို့ ကစားသမားဟောင်း ပေါလ်အင့်က ဝေဖန်လိုက်ပါတယ်။
မန်ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာလည်း ဂျရူးနဲ့ မေဆန်မောင့်တို့ သွင်းယူသွားတဲ့ ဂိုးတွေမှာ အမှားမကင်းခဲ့တာပါ။
စပါးအသင်းနဲ့ ပွဲစဉ်မှာလည်း အမှားတစ်ကြိမ် ကျူးလွန်ခဲ့ဖူးပြီး ဒီဂီယာအနေနဲ့ ကျောင်းသားအရွယ် အမှားတွေ လုပ်ဆောင်နေတာဖြစ်ပြီး တစ်ကြိမ်တစ်ခါ အမှားလည်း မဟုတ်တော့ကြောင်း ပေါလ်အင့်က ဝေဖန်ခဲ့တာပါ။
သူ့ရဲ့ အသက်အရွယ်၊ အတွေ့အကြုံနဲ့ အဲဒီလိုအမှားတွေ မရှိသင့်တော့ကြောင်းနဲ့ နိုင်ပွဲအတွက် ဆာလောင်မှုတွေ ပျောက်ဆုံးနေကြောင်း မန်ယူကစားသမားဟောင်း ပေါလ်အင့်က ပြောပါတယ်။
လာမယ့်ရာသီမှာတော့ ဒီဂီယာရဲ့နေရာမှာ ရှက်ဖီးမှာ အငှားကစားနေတဲ့ ဒီးဟန်ဒါဆန်ကို ပြန်ခေါ်ပြီး ပွဲထွက်ခွင့်ပေးနိုင်တယ်လို့လည်း ပေါလ်အင့်က သုံးသပ်ပါတယ်။