A d v e r t i s e m e n t With Us

အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်စတင်ဖွင့်လှစ်

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေတွေကြောင့်  ဖွင့်လှစ်ဖို့နှောင့်နှေး ကြန့်ကြာခဲ့ရတဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေကို ဒီကနေ့  ဇူလိုင်၂၁ ရက်နေ့က စတင်ကာ မြန်မာတနိုင်ငံလုံးမှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာ ပြည့်မီတဲ့ အခြေခံပညာအထက်တန်းကျောင်း ပေါင်း ၃,၇၇၂ ရှိပြီး ပြည့်မီအောင် ဖြည့်ဆည်းဖို့ လိုအပ်တဲ့ ကျောင်း ၁,၂၂၀ ကျောင်းနဲ့ အထူးထပ်မံဖြည့်ဆည်းဖို့လိုအပ်တဲ့ ကျောင်း ၈၃၈ ကျောင်းရှိတယ်လို့ သိရပါတယ်။ Photo - Ye Myo Khant / MPA

A d v e r t i s e m e n t With Us

More News
Up