ဩစတြေးလျတွင် ကမ်းရိုးတန်း မြေပြိုမှုများကြောင့် ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်း

5485CR-AUSTRALIA-WEATHER_EROSION_CAPTION_READY_ROUGH_CUT_O_
1K
သြစတြေးလျနိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ အားကောင်းတဲ့ ပင်လယ်လှိုင်းတံပိုးတွေ ရိုက်ခတ်အပြီး ဆိုးရွားတဲ့ ကမ်းရိုးတန်း မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။
ကမ်းခြေမျက်နှာစာမှာ ရှိတဲ့ အိမ်တွေ အတော်များများ ဇူလိုင် ၁၇ ရက်က ပြိုကျတဲ့ ဘေးကို ရင်ဆိုင်နေရပါတယ်။ အိမ်တွေ ပင်လယ်ထဲ ပြိုကျနိုင်တယ်လို့ အရေးပေါ်ဌာန အရာရှိတွေက သတိပေးအပြီးမှာ ဆစ်ဒနီမြို့ မြောက်ဘက်က ဝမ်ဘာရယ်မြို့မှာ ဒေသခံတချို့ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရသလို ကမ်းခြေမျက်နှာစာတန်းတွေ ရေတိုက်စားပြီး အခြေခံအဆောက်အအုံတွေ ပျက်စီးသွားပါတယ်။