ကျိုးပေါက်ခဲ့သည့် မန္တလေး ရွှေဂဲရေထိန်းတံခါး ပြန်ပိတ်နိုင်ပြီ
DVB
·
July 20, 2020
မနေ့ညက ကျိုးပေါက်ခဲ့တဲ့ မန္တလေး ရွှေဂဲရေထိန်းတံခါးကို အောင်အောင်မြင်မြင် ပြန်ပိတ်နိုင်ပြီလို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဆိုပါတယ်။
အခုည ၇ နာရီခွဲလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ “ဧရာဝတီမြစ် တာရိုးပေါက်တာ အောင်မြင်စွာ ပိတ်လိုက်နိုင်ပါပြီ” လို့ ဖော်ပြထားတာဖြစ်ပြီး ဖို့ပြီးသွားတဲ့ တာရိုးပေါ်ကနေ မြို့တော်ဝန်နဲ့အဖွဲ့ ဖြတ်သွားတဲ့ ဗွီဒီယိုဖိုင်တခုလည်း တင်ထားပါတယ်။
အမရပူရမြို့နယ်က ရွှေဂဲ ရေထိန်းတံခါးဟာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကျိုးပေါက်ခဲ့ပြီး အနားက ရပ်ကွက်တွေထဲကို ရေဝင်ခဲ့လို့ လူပေါင်း ၄၀၀၀ ကျော် ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာ စတင်ပြင်ဆင်ခဲ့ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။