ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကျိုးပေါက်ခဲ့သည့် ရွှေဂဲရေထိန်းတံခါး (ဓာတ်ပုံ)
DVB
·
July 20, 2020
မနေ့ညက ကျိုးပေါက်ခဲ့တဲ့ မန္တလေး ရေထိန်းတံခါးကို အခုစတင် ပြင်ဆင်နေပြီဖြစ်ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။
အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးဟာ ဧရာဝတီမြစ်ရေတိုက်စားလို့ ကျိုးပေါက်ခဲ့ပြီး အနားက ရပ်ကွက် ၄ ခုထဲကို ရေဝင်ခဲ့လို့ လူပေါင်း ၄၀၀၀ ကျော် ပြောင်းရွှေ့ခဲ့ရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်လည်း ရောက်ရှိနေပြီး ပြန်လည်ပြုပြင်နိုင်မယ့် အခြေအနေတွေကို ရှင်းလင်းခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြထားပါတယ်။