Home
မြန်မာသတင်း
ရွေးကောက်ပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက‌ ဧရာဝတီတိုင်း၌ နေရာစုံ ယှဉ်ပြိုင်မည်
DVB
·
July 20, 2020
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီး နေရာစုံမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တိုင်းအတွင်းရေးမှူး ဦးသန်းဝင်းထွန်းက ပြောပါတယ်။ “နယ်မြေအစုံပေါ့၊ တိုင်းရင်းသားအပါအဝင် ၉၂ နေရာ အပြည့်အစုံ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ လွှမ်းခြုံမှုကတော့ တတိုင်းလုံးကို လွှမ်းခြုံထားပါတယ်။ ဒါပေမဲ့ လက်ရှိ လောလောဆယ် အနေအထားက ကိုဗစ်ရယ် သဘာဝဘေးကြောင့် ကျနော်တို့ လှုပ်ရှားမှုက ကြန့်ကြာနှောင်းနှေးသွားတာပေါ့။”  ကိုယ်စားလှယ်လောင်း အဆိုပြုထားမှုကို လက်ရှိအချိန်မှ စိစစ်နေကြောင်း ဇူလိုင်လအကုန်မှာ အပြီးထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ “လက်ရှိ အာဏာရပါတီဖြစ်တဲ့ NLD ရယ်၊ ကြံ့ခိုင်ရေးရယ် ဒီပါတီနှစ်ခုနဲ့ ယှဉ်ပြိုင်ရမယ့် အနေအထားရှိပါတယ်။ ကျန်တဲ့ပါတီတွေအနေနဲ့သူ အားကောင်းပါတယ်။ ကျနော်တို့က များများယှဉ်ပြိုင်ရမယ်ဆိုတဲ့အတွက် နေရာစုံမှာဖြစ်နေတဲ့အတွက် ဒီနှစ်ပါတီနဲ့ အဓိကထား ယှဉ်ပြိုင်ရမယ်။ ၂၀၂၀ ရွေးကောက်ပွဲက ပြည်သူ့အောင်ပွဲ ဖြစ်စေချင်ပါတယ်။ ပြည်သူတွေ အားလုံးကို အမှန်မြင်ပြီးတော့ ရလဒ်ကောင်းကို ဖြစ်ပေါ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးစေ ချင်တယ်။ ကိုယ်ပိုင်ငွေရှိသလို ထောက်ပံ့ငွေရှိတယ်။ ကျနော်တို့ တတ်နိုင်သရွေ့ ပါတီက စည်းရုံးရေးစရိတ်ကို ပေးသွားမှာ ဖြစ်ပါတယ်။” ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုမှာ ဒေသခံကို ဦးစားပေးပြီး ပညာအရည်အချင်း သတ်မှတ်ထားမှုမရှိကြောင်း၊ ပြည်သူအတွက် တကယ်ဆောင်ရွက်ပြီး ဒေသအကျိုးကို သယ်ပိုးဆောင်ရွက်မယ့်သူ  စိတ်ကောင်းစေတနာကောင်းနဲ့ အမှန်တကယ် လုပ်ကိုင်နေသူကို ဦးစားပေး ရွေးချယ်တယ်လို့ သိရှိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၆ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နေရာ ၅၂ နေရာနှင့် တိုင်းရင်းသားနေရာ ၂ နေရာဖြစ်တယ်လို့ သိရပါတယ်။  ၂၀၁၅ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေရာအများစု အနိုင်ရခဲ့ပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ၁ နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော် ၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024