A d v e r t i s e m e n t With Us

ဆေးရုံတက်နေသည့် ဖခင်ဖြစ်သူ၏တာဝန်များကို ကူဝိတ် အိမ်ရှေ့စံမင်းသား လွှဲယူ

ကူဝိတ် အိမ်ရှေ့စံမင်းသား ရှိတ်ခ်နာဝပ်ဖ် အယ်လ်အာမဒ်အယ်လ်ဆာဘာဟာ အသက် ၉၁ နှစ်အရွယ် ဖခင် စော်ဘွားကြီး ဆေးရုံတင်ထားရလို့ အခြေခံဥပဒေအရ ဖခင်ထမ်းဆောင်ရမယ့် တာဝန်တချို့ကို ဇူလိုင် ၁၈ ရက်ကစပြီး လွှဲယူခဲ့ပါတယ်။ ဇူလိုင် ၁၉ ရက်မှာတော့ ဆေးရုံတက်ခဲ့တဲ့ စော်ဘွား ရှိတ်ခ် ဆာဘာရဲ့ ခွဲစိတ်မှု အောင်မြင်တယ်လို့ သူ့ရုံးက ပြောပါတယ်။ ဘယ်လို ခွဲစိတ်မှု လုပ်ခဲ့တယ်ဆိုတာကို အစိုးရမီဒီယာ ကူနာက ကြေညာတဲ့ ကြေညာချက်ထဲမှာ ဖော်ပြမထားပါဘူး။  ရှိတ်ခ်ဆာဘာဟာ ကူဝိတ်ကို ၂၀၀၆ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့သူပါ။ မနှစ်ကလည်း ကူဝိတ်စော်ဘွားဟာ အမေရိကန်ကို အလည်အပတ် ခရီးစဉ်အတွင်း ဆေးရုံတက်ခဲ့ရပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up