
တာပေါင် ကျိုးကျမှုကြောင့် အန္တရာယ် မဖြစ်စေဖို့ ပွဲတော်ကျန်တန်း၊ ပေါက်ပေါက်တန်း၊ ယာဉ်တော်၊ ဆယ်တော်၊ တိုးချဲ့(၁) (၂) (၃) နဲ့ ၀ရမ်းတောင်/မြောက်ရပ်ကွက်တွေက ပြည်သူတွေကို အမရပူမြို့ပေါ်ရှိ ဓမ္မာရုံတွေကို ပြောင်းရွှေ့ထားပါတယ်။
တာပေါင် ကျိုးပေါက်မှုကို စည်ပင်၊ တပ်မတော်၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ လူမှုရေး အဖွဲ့အစည်းတွေက ဝိုင်း၀န်းလုပ်ကိုင်နေကြပါတယ်။
တာဘောင်ဟာ ဆက်လက်တိုက်စား ပြိုကျနေကာ အန္တရာယ်ရှိတဲ့အတွက် တာဘောင်ကျိုးကျတဲ့ ကိုက် ၁၀၀ ပတ်လည်အတွင်း ၀င်ထွက်သွားလာတာ တားမြစ်ထားပါတယ်။
ရေဘေးကြောင့် ပြောင်းရွှေ့ရသူ လူပေါင်း ၄၀၀၀ ကျော်ရှိပြီး သူတို့ကို တပတ်စာ ဆန်ရိက္ခာဖိုး ပေးခဲ့သလို ကျိုးပေါက်တဲ့နေရာမှာ သဲအိတ်တွေ အလုံအလောက် သုံးနိုင်ဖို့ သဲနဲ့ သဲအိတ်ဖိုးတွေ ပံ့ပိုးထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသား ဖော်ပြထားပါတယ်။