လိဒ်ယူနိုက်တက် ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၆ သင်းစာရင်းဝင်နိုင်ဟု နည်းပြဟောင်းသုံးသပ်
လိဒ်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၆ သင်း ဒါမှမဟုတ် ၈ သင်းစာရင်းထဲဝင်နိုင်တဲ့ အသင်းဖြစ်လိမ့်မယ်လို့ နည်းပြဟောင်း ပီတာရိဒ်က ပြောပါတယ်။
လိဒ်ယူနိုက်တက်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ၁၆ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ် တန်းပြန်တက်နိုင်ခဲ့တာပါ။
ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းဟာ မနေ့က ဒါဘီနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒါဘီအသင်းရဲ့ လက်ခုပ်တီးဂုဏ်ပြုတာ ခံခဲ့ရပါတယ်။
၂၀၀၂-၂၀၀၃ ရာသီမှာ လိဒ်အသင်းကို တန်းဆင်းဇုန်ကနေ လွတ်အောင် နည်းပြခဲ့ဖူးတဲ့ နည်းပြဟောင်း ပီတာရဒ်ကတော့ လိဂ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ခဏတာပဲ ကစားခွင့်ရမယ့်အသင်းမဟုတ်ဘဲ နှစ်ပေါင်းများစွာ ဆက်ကစားနိုင်လိမ့်မယ်လို့ပြောပါတယ်။
လာမယ့်နှစ်ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၆ သင်း ဒါမှမဟုတ် ၈ သင်းစာရင်းအထိ ဝင်နိုင်ပြီး ဘောလုံးလောကရဲ့ နာမည်ကြီးအသင်းတသင်းဖြစ်တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။