ပြင်ဦးလွင်၌ တရားမဝင် ဝင်လာသည့် တရုတ်နိုင်ငံသား ၄ ဦး ဖမ်းဆီးရမိ
DVB
·
July 20, 2020
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ပြင်ဦးလွင်မြို့နယ်၊ ရဲရွာရေအားလျှပ်စစ်စက်ရုံသွားလမ်း သံတံခါးဂိတ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ESTIMA အမျိုးအစား လိုင်စင်မဲ့ ယာဉ်တစီးကို ရပ်တန့်စစ်ဆေးရာ စစ်ဆေးခံခြင်းမရှိဘဲ နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရပါယ်။
အဲဒီယာဉ်ကို ကဗျူးကျေးရွာအဝင်လမ်းဆုံမှာ ဖမ်းမိခဲ့ပြီး ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် မြန်မာနိုင်ငံသား ၄ ဦးနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၄ ဦးနဲ့ တရားမဝင် ခေါ်သွင်းလာသူ ၄ ဦးတို့ကို တရားဥပဒေအရ အရေးယူနိုင်ရေး ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်းကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။