မြဝတီမြို့ Quarantine စင်တာနှစ်ခုတွင် အစာအဆိပ်သင့်မှုကြောင့် ၄၉ ဦး ဆေးရုံတင်ထားရ
DVB
·
July 20, 2020
ကရင်ပြည်နယ် မြဝတီမြို့ ကျန်းမာရေးစောင့်ကြည့်စခန်း ၂ ခုမှာ ဇူလိုင်လ ၁၉ ရက်နေ့ညက အစားအဆိပ်သင့်တာကြောင့် ၄၉ ဦးအား မြဝတီပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။
ရွှေမြစန္ဒီဈေး စောင့်ကြည့်စခန်းက လူ ၄၆ ဦးနဲ့ ကျောက်လုံးကြီးစခန်းက ၃ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တာပါ။
အစာအဆိပ်သင့်ရတာနဲ့ ပတ်သက်ပြီး အမျိုးသားကျန်းမာရေးဌာန နဲ့တာဝန်ရှိသူတွေ စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး မကြာမီရက်အတွင်း အဖြေရှာနိုင်မယ်လို့ လွှတ်တော်ကိုယ်စားလှယ် ကရင်ပြည်နယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။