မြဝတီမြို့တွင် ဗုံးပေါက်ကွဲ၊ လူ ၁ ဦး ဒဏ်ရာရ
DVB
·
July 20, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်၊ ငှက်ပျောတောအုပ်စု၊ စကိတ်ကွင်းလမ်း နေအိမ်တခုမှာ ဇူလိုင် ၁၉ ရက်နေ့ ည ၉ နာရီလောက်က ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦး ဒဏ်ရာရရှိသွားပါတယ်။
တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ အိမ်ရှင် ကျော်မင်းဦးနဲ့ အသိမိတ်ဆွေတို့ အရက်သောက်နေစဉ် ဒီကေဘီအေက စောဒေးဒေးနဲ့ စောညီညီတို့ လက်ထဲမှာ လက်ပစ်ဗုံးကိုင်ကာ အရက်ဝိုင်း ရောက်ရှိလာပြီးနောက် လက်ထဲက လက်ပစ်ဗုံး ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် စောဒေးဒေး ဝဲလက်၊ ရင်ဘတ်၊ ပေါက်ပြဲ သွေးထွက် ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် မြဝတီပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပါတယ်။
ပေါက်ကွဲမှုကို ဥပဒေအတိုင်း အရေးယူသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။