ဓာတ်ခွဲနမူနာ ၁,၄၁၉ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့
DVB
·
July 20, 2020
ဇူလိုင် ၁၉ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၄၁၉ ခုကို နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၁,၀၅၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၇၄ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၈၈ ခု၊ စုစုပေါင်း (၁,၄၁၉) ခုကို စစ်ဆေးခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၇၆ ဦးထဲက ဆေးရုံဆင်းခွင့်ရသူ ၂၆၂ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၉ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၆၀၈,၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၈ ဒသမ ၇ သန်းကျော်ရှိတယ်လို့ သိရပါတယ်။