Home
မြန်မာသတင်း
မင်းကင်း၌ အာဇာနည်​ခေါင်း​ဆောင်ကြီးများကိုဂုဏ်ပြုသည့်အနေဖြင့် ချင်းတွင်းမြစ်အတွင်း ​ရေ​မျော ဂုဏ်ပြု
DVB
·
July 19, 2020
မင်းကင်းမြို့မှာ ကျင်းပတဲ့ ၇၃ နှစ်​မြောက် အာဇာနည်​နေ့အခမ်းအနားမှာ အာဇာနည်​ခေါင်း​ဆောင်ကြီးတွေကို ဂုဏ်ပြု​သောအားဖြင့် ချင်းတွင်းမြစ်အတွင်း ​ရေ​မျောဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း​၊ မင်းကင်းမြို့မှာ အာဇာနည်​နေ့အခမ်းအနားကို လွမ်းသူ့ပန်း​ခွေတွေအပါအဝင် အာဇာနည်​ခေါင်း​ဆောင်ကြီးတွေရဲ့ ဓာတ်ပုံနဲ့ ကိုယ်​ရေးအချက်လက်တွေပါတဲ့ ဗီနိုင်းတွေကို ​ဖောင်ဖွဲ့တင်​ဆောင်ကာ ချင်းတွင်းမြစ်အတွင်း ​ရေ​မျောဂုဏ်ပြုခဲ့ကြတာပါ။ မင်းကင်းမြို့​နေ ဦးစိုးလင်း​မောင်က "​နောင်လာ​နောက်သား​တွေဟာ အာဇာနည် ၉ ဦးဟာ ဘာလဲဆိုတာကို မသိကြဘူး။ မသိကြတဲ့အတွက် ကျ​နော်တို့ မင်းကင်းမြို့က​နေပြီးမှ မြန်မာတနိုင်ငံလုံးသိ​အောင် ရည်ရွယ်လုပ်​ဆောင်တာဖြစ်တယ်။ ဗိုလ်ချုပ်​အောင်ဆန်းနှင့်တကွ အာဇာနည် ၉ ဦးကို ဒီမင်းကင်းမြို့က​နေ ​ရေ​မျှောပြီး ဂုဏ်ပြုလုပ်လာတာ ဒီနှစ်ရောဆို ၃ ကြိမ်​မြောက်ဖြစ်ပါတယ်။ ဒီနှစ်မှာ တတ်နိုင်သ​လောက် အကျဉ်းချုံးလုပ်တဲ့အတွက်​ကြောင့် စည်ကားမှု​​တော့မရှိပါဘူး။ ပုံမှန်အတိုင်းလုပ်​နေကြဆိုရင် ဒီ​နေရမှာ တမြို့လုံး လာ​ရောက် ဂုဏ်ပြုကြတာ" လို့ ​ပြောပါတယ်။ မင်းကင်းမြို့ အာဇာနည်​နေ့အခမ်းအနားကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ နိုင်ငံ​ရေးပါတီတွေက လွမ်းသူ့ပန်း​ခွေတွေနဲ့ လာ​ရောက်ဂါရဝပြုခဲ့ကြပါတယ်။ ဦး​ဆောင်သူတစ်ဦးဖြစ်သူ ​ဒေါက်တာ သိန်း​ဇော်က "​အခုလိုလုပ်​ဆောင်ရတာဟာ နိုင်ငံအတွက် အသက်စွန့်သွားတဲ့ နိုင်ငံ့​ခေါင်း​ဆောင်ကြီးများကို မ​မေ့သင့်​ဖို့နဲ့ အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်များ တိုင်းပြည်မှာဖြစ်​​ပေါ်လာ​အောင်၊ လူငယ်​တွေအားကျလာ​အောင် ရည်ရွယ်တာ” လို့ ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024