Home
မြန်မာသတင်း
ဘော်ဒါဆောင်များ မဖွင့်သေး၍ မင်းကင်းမြို့ပေါ် ပညာသင်မည့် နယ်ကျောင်းသား/သူများ အခက်ကြုံ
DVB
·
July 19, 2020
စစ်ကိုင်းတိုင်း​ဒေသကြီး၊ က​လေးခရိုင် မင်းကင်းမြို့​ပေါ်မှာ ကျေးလက်ဒေသကနေ  အ​ခြေခံပညာအထက်တန်း​ လာရောက်သင်ကြားမဲ့ ကျောင်းသား/သူတွေ ဘော်ဒါဆောင်မရှိတာကြောင့် အခက်အခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒီနှစ်မှာ​တော့ ပြီးခဲ့တဲ့နှစ်တွေကလို ​​ဘော်ဒါ​ဆောင်​တွေကို ဖွင့်ခွင့်မ​ပေး​​​သေးတာကြောင့် နယ်က(​ကျေးလက်​ဒေသ) လာ​ရောက်ပညာသင်ယူကြတဲ့ ​ကျောင်းသား/သူ​တွေဟာ လမ်းပန်းဆက်သွယ်​ရေးခက်ခဲတာအပြင် ​နေ့ချင်းပြန်တက်​ရောက်ဖို့လည်း အဆင်မ​ပြေကြတာကြောင့် အခက်အခဲဖြစ်​နေကြတာပါ။ ​မင်းကင်းမြို့မှာ တည်းခိုစရာ အ​ဆောင်သီးသန့်မရှိတာရယ်နဲ့ တည်းခိုစရာအဖြစ် အသုံးပြု​နေရတဲ့ ​ဘော်ဒါ​ဆောင်​တွေကလည်း ပိတ်ထားတာကြောင့် အခက်အခဲ ကြုံနေတာလို့ မင်းကင်းမြို့ခံ ဦးစိုးလင်း​မောင်က ပြောပါတယ်။ “အဲဒီတခုကို တာဝန်ရှိတဲ့သူ​တွေက ကိုဗစ်-၁၉ နဲ့ပတ်သက်တာဖြစ်တဲ့အတွက် ​ဟိုတယ်-အင်း ​တွေမှာ ​ဖြေ​လျော့သလိုမျိုး ​​ဘော်ဒါ​ဆောင်​တွေကိုလည်း WHO က သတ်မှတ်ချက်​တွေ၊ မြန်မာနိုင်ငံ အားကစားနဲ့ကျန်းမာ​ရေးဝန်ကြီးဌာနက သတ်မှတ်ချက်​တွေအတိုင်း လိုက်နာပြီး ဖွင့်ခွင့်​ပေးလိုက်မယ်ဆိုရင် မင်းကင်းမှာရှိတဲ့ ​ကျောင်းသား​ကျောင်းသူ​တွေအတွက် အားလုံးအဆင်​ပြေမယ်" လို့ ​ပြောပါတယ်။ မင်းကင်းမြို့ (အထက) မှာ ​ကျောင်းသား ၁၀၀၀ ​ကျော်ရှိ​ပေမဲ့ မြို့​ပေါ်က ၁၀၀ ​ကျော်သာရှိပြီး နယ်​ဒေသ​တွေက ၉၀၀ ​ကျော်​လောက်ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024